ကြည့်ပြီး " ဒီ...ငန်းဟာ ဖြူဆွတ်နေတာပဲ။ ငါကတော့ အလွန်မဲတယ်။ ဒီငန်းဟာ ဒီကမ္ဘာမှာ အပျော်ဆုံးဖြစ်မှာပဲ" ဟု တွေးမိပါသည်။ ထို့ကြောင့် ကျီးသည် ငန်းဖြူအား "မင်းဟာ သိပ်လှတာပဲ။ မင်း... ဒီကမ္ဘာမှာ နေရတာ အရမ်းပျော်မှာပဲနော်" ဟု
ပြောလေသည်။ ထိုအခါ ငန်းဖြူက ကျီးအား " အမှန်တစ်ကယ်တော့ ငါ... ကြက်တူရွေးကို မတွေ့သေးခင်က ငါ့ကိုယ်ငါ အလှဆုံးထင်ခဲ့တာ။ ကြက်တူရွေးတွေဟာ ကာလာနှစ်မျိုးနဲ့ အရမ်းလှတယ်။ ငါတော့ ဒီကမ္ဘာမှာ ကြက်တူရွေးတွေက အပျော်ဆုံးလို့ ထင်တာပဲကွာ" ဟု ပြောလေသည်။ ထို့ကြောင့် ကျီးသည်
ကြက်တူရွေးအား ဒီကမ္ဘာမှာ အပျော်ဆုံး ဟုတ်မဟုတ်မေးရန် ကြက်တူရွေးဆီသွားလေသည်။ ထိုအခါ ကြက်တူရွေးက " ငါလေ ဒေါင်းကို မတွေ့ခင်အထိတော့ အပျော်ဆုံးဖြစ်ခဲ့တာပေါ့။ ငါ့မှာက နှစ်ရောင်ပဲရှိတာလေကွာ။ ဒေါင်းတွေမှာက ကာလာစုံပါကြတယ်ကွ" ဟု ကျီးကို ပြောလိုက်ပါ သည်။ ထို့ကြောင့် ကျီးသည် ဒေါင်းအားအပျော်ဆုံးဟုတ်မဟု
လူတွေများ ငါ့ကို တွေ့ရင် ချက်ခြင်းပဲ ရှူး...ရှူး...ဆိုပြီး နှင်လွှတ်ကြတယ်။ အဆွေဒေါင်း...မင်းဟာ ဒီကမ္ဘာမှာ အပျော်ဆုံး ဖြစ်နေမှာပဲနော်" ဟု ပြောလေသည်။ ထိုအခါ ဒေါင်းက " အဆွေကျီး... ကျွန်ုပ်ဟာ သင် ပြောသလိုပဲ ဒီကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် အလှဆုံးနဲ့အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အဆွေကျီးရယ်... ကျွန်ုပ်ဟာ ဒီအလှကြောင့်လည်း တစ်နေကုန် တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲမှာ နေရတယ်။ အဆွေကျီး...ငါဟာ တိရစ္ဆာန်ရုံရောက်ကတည်းက စူးစမ်းမိတယ်။ ဒီ တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲ မရှိတာဆိုလို့ ကျီးပဲရှိတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရက်တွေတုန်းကတောင
credit: Happiest Bird in the world from moral story in english.
moral; ကျွန်မတို့တစ်တွေဟာ မိမိကိုယ်မိမိ၊ မိမိအလှကို မိမိ မည်သည့်အခါမျှ ကျေနပ်ရောင့်ရဲခြင်းမရှိပါ။
ယုယုလွင်ရေးသားသည်
No comments:
Post a Comment