မြန်မာစံတော်ချိန်

Friday, November 27, 2015

ရသစုံနှင့်ဒသနစာပေများ စုစည်းမှု့

ရသစုံနှင့်ဒသနစာပေများ စုစည်းမှု့

A brother like that(Dan Clark)

ဘယ်သူဘာသာပြန်ထားလဲတော့မသိဘူး
pleasure garden မှာဖတ်ခဲ့ရတာလေး ကြိုက်လွန်းလို့
ကူးယူလာတာပါ
A brother like that(Dan Clark) 
-------------------------------------
ပေါလ်မှာ ခရစ္စမတ် လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီးရသည်။
ခရစ်စ္စမတ်အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာ မြင်ရသည်။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးက မေးသည်။
“ဒါ အစ်ကို့ ကားလား” တဲ့။
ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ၊ ငါ့အစ်ကိုက ခရစ်စ္စမတ် လက်ဆောင် ပေးတာ” ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။
“ဟာ…ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကားပေးတာ…ဟုတ်လား၊ ခင်ဗျား ပိုက်ဆံ တစ်ပြားမှ မကုန်ဘူးပေါ့၊ ဟာဗျာ…ကျွန်တော်သာ ဆုတောင်းလို့ ရမယ်ဆိုရင်…” ဆိုပြီး ကောင်လေး ရပ်နေသည်။
ဆုတောင်းလို့ရရင် ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ် တွေးနေမိသည်။ သူ့မှာလည်း အဲဒီလိုအစ်ကိုမျိုး တစ်ယောက်ရပါစေလို့ ဆုတောင်းမှာပဲပေါ့။
သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။
“ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ” တဲ့။
ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ် သွားသည်မသိ။ “မင်း ငါ့ကား လိုက်စီးကြည့်မလား” ဟု မေးမိသည်။
ကားစီးပြီး ခဏလေးကြာတော့ ကောင်လေးက ပေါလ်ဘက်လှည့်ကာ “အစ်ကိုရေ…ကျွန်တော်တို့ အိမ်ဘက် လှည့်မောင်းပေးလို့ ရမလားဗျ” ဟု မေးသည်။
သူ့မျက်လုံးတွေ တောက်ပနေတာ ကြည့်ပြီး ပေါလ်ပြုံးမိသည်။ ဒီကောင်လေးစိတ်ထဲ ဘာရှိနေလဲ သူတွေးမိသည်။ သူ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေကို ကြွားချင်ပုံပဲ။
သို့သော် သည်တစ်ခါလည်း ပေါလ် မှားပြန်ပါသည်။
“ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့ ရပ်ပေးပါဗျာ” ကောင်လေးက ဆိုသည်။
လှေကားထစ်တွေ သူ ပြေးတက်သွားသည်။ ခဏလေးကြာတော့ ပြန်လာနေသံ ကြားရသည်။ တက်သွားတုန်းကလိုမမြန်။ သူက ကလေးတစ်ယောက်ကို ချီ၍ ယူလာခြင်း ဖြစ်သည်။ ခြေမသန်သော သူ့ညီလေး။ သူက ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းသည်။ သူ့လက်တစ်ဖက်က ညီလေးကို တင်းတင်းဖက်ထားပြီး ကားကိုပြသည်။
“ဟောဒီမှာ တွေ့လား ညီလေး၊ အပေါ်ထပ်မှာတုန်းက အစ်ကိုကြီးပြောတာလေ။ ဒါ သူ့အစ်ကိုကြီးက ခရစ်စ္စမတ် လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး၊ နောက်ကျရင် အစ်ကိုကြီးလည်း ညီလေးကို ဒါမျိုး ကားတစ်စီး ၀ယ်ပေးမယ်၊ အဲဒီအခါကျတော့ ညီလေးကို အစ်ကိုကြီးပြောတဲ့ ခရစ်စ္စမတ် အရောင်းဆိုင်တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည့်နိုင်မှာပေါ့ကွ” တဲ့၊ သူက အားရပါးရ ပြောနေသည်။
ပေါလ် ကားထဲက ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကို ချီ၍ ကားရှေ့ခန်းထဲ ထည့်သည်။ အစ်ကိုလုပ်သည့် ကောင်လေးက ၀မ်းသာအားရ သူ့ညီလေးဘေးမှ ၀င်ထိုင်သည်။
အဲသည်နေ့က သူတို့သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံမှာ သုံးယောက်လုံးအတွက် တစ်သက် မမေ့နိုင်စရာ ဖြစ်ခဲ့သည်။
အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာတစ်ခု မှတ်မှတ်သားသား ရခဲ့သည်။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့်ဖြစ်သော ပီတိက ပို နှစ်သက်ဖွယ် ချိုမြိန်လှ၏…ဟူသော အသိတရား။

the window

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုတည်းမှာ ကျွန်တော်နှင့်နောက်
ထပ်လူနာတစ်ယောက်နှင့် နှစ်ယာက်တည်းသာရှိကြသည်။ သူလည်း ကျွန်တော့်လို အသည်းအသန် ရောဂါ
ခံစားနေရသော လူနာဖြစ်သည်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာ
ရှိလေသည် ။
ဟိုဘက်လူနာသည် သူ့အဆုတ်ထဲကရေတွေကို ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်း
ပြု၍ တစ်နာရီခန့်ထိုက်ခွင့်ရသည် ။ သူကပြတင်းပေါက်အနီးမှာ ရှိနေသည် ။ ကျွန်တော်ကတော့ တချိန်လုံး
ပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရသည် ။
နေ့လည်နေ့ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေဆင့်ကာ
ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် ပြတင်းဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို ကျွန်တော်အားပြောပြ
လေ့ရှိသည် ။ သူက ပြတင်းပေါက်ကိုလှမ်းကြညိ့ရင်း ...
အပြင်မှာ ပန်းခြံကြီးတစ်ခုမြင်ရသည်ဟု ဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီးတစ်
ကန်ရှိသည်။ ရေကန်ထဲမှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ ကလေးများ သူတို့ကို ပေါင်မုန့်တွေပစ်ကြွေးကြ
သည်။ ကလေးအချို့က လှေကလေးတွေစီးနေကြသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်း
တွဲပြီး လမ်းလျှောက်နေကြသည် ။ ပန်းတွေက ဝေေ၀ဆာဆာပွင့်နေကြသည်။ မျက်ခင်းစိမ်းစိမ်းက အပြန့်
ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့ ( ဆော့ဘော )ကစားနေကြသူတွေလည်းမြင်ရသည်။
ဟိုးအဝေးဆီ၌မူ သစ်ပင်များထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ ။ထို့
နောက်၌ပြာလဲ့သော မိုးကောင်းကင်။ အဲ့ဒါတွေကို သူက ခရေစေ့တွင်းကျ ပြောပြတာကို၊ ကျွန်တော်က နား
ထောင်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။
ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီ ၀တ်စုံသစ်
တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို ကျွန်
တော့်စိတ်ထဲ အသေးစိတ်မြင်ခွင့်ရနေသည်။ သည်လိုနေရင်း သာယာသော နေ့လည်ခင်းတစ်ခုမှာ ကျွန်
တော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ ဟိုလူနာမှာ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းစုံကို
စိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်။ ကျွန်တော့်ကိုတော့ ဘာကြောင့်အဲသည်နား ထားမပေးသလဲဟူသော အ
တွေး ဖြစ်သည်။
ဒီလို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း ကိုယ့်ကိုကိုယ် ရှက်နေသည် ။
သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားမှ သူနှင့် နေရာချင်းလည်းချင်စိတ်က ပြင်းပြသထက် ပြင်းပြ
နေသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မည် ဆိုတာမျိုးအထိ တွေးမိလာသည်။
တစ်ညမှာတော့ ကျွန်တော် မျက်နှာကြက်ကို ငေးကြည့်နေစဉ် ဟိုလူနာက ရုတ်တ
ရက် ချောင်းတွေဆိုးသည်။ ချောင်းဆိုးရင်းသီးလာသည် ။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်အချက်
ပေးခလုတ်ကိုနှိပ်ရန် သူ့လက်က စမ်းတ၀ါးဝါး လိုက်ရှာနေသည်။
ကျွန်တော် သူ့ကိုမကူညီမိ ၊ လှုပ်ပင် မလှုပ်ရှား ။ သူ အသက်ရှူသံ ရပ်သွားသည်အ
ထိ စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ ဟိုလူနာ သေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်
ဆိတ်စွာပင် သယ်ယူသွားသည်။ အခြေနေတွေငြိမ်လောက်မှ ကျွန်တော်က ပြတင်းပေါက်အနီးရှိ ခုတင်သို့
ပြောင်းပေးနိုင်မလားမေးသည် ။ သို့နှင့်ပြောင်းပေးကြသည် ။ သက်သောင့်သက်သာဖြစ်အောင် နေရာချပေး
သည်။ သပ်သပ်ရပ်ရပ်လည်း ပြင်ဆင်ထားသိုပေးသည်။
သူနာပြုထွက်သွားသည်နှင့် တပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ
ကျွန်တော် ကြိုးစား၍ထသည် ။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားကာ ခဲယဉ်းပင်ပန်းစွာထူမပြီး ပြတင်း
ပေါက်အပြင်သို့ လှမ်းကြည့်သည်။
အပြင်၌ နံရံတံတိုင်း တစ်ခုသာ ကျွန်တော် မြင်ရလေသည် ။ ။
ဖေမြင့်

အောင်မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်း

လူတစ်ယောက် ထူးထူးခြားခြား အောင် မြင်ဖို့က ပတ်ဝန်းကျင်ကောင်းတစ်ခု တော့လိုတယ်။ အောင်မြင်မယ့်သူဟာ 
အဲဒီပတ်ဝန်းကျင် သူ့မှာ အရင်ကမရှိခဲ့ရင်လည်း ရှိအောင် ဖန်တီးဖို့ ကြိုးစားကြတယ်။ တစ်ခါတစ်ရံ ကိုယ်မသိလိုက် ဘဲနဲ့တောင် အဲဒီလို ပတ်ဝန်းကျင်ကောင်းကို မသိစိတ် ရဲ့ဦးဆောင်မှုနဲ့ ဖန်တီးတတ်ကြတယ်။ အဲဒါကိုပဲ ကံတ ရားလို့ ခေါ်ကြတယ်။
ဘုရားတောင်မှ အမှီရှိမှဖြစ်တယ်ဆိုတဲ့ စကား ရယ်၊ အရှင်အာနန္ဒာကို ဗုဒ္ဓက ဟောဖူးတဲ့ 'မိတ်ဆွေ ကောင်းရရှိခြင်းဟာ အောင်မြင်မှုအတွက် ၁ဝဝ ရာခိုင် နှုန်း သေချာတယ်'လို့ ဟောကြားချက်ရယ်၊ တွေးကြည့် လိုက်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်း၊ မိသားစုကောင်း နဲ့ မိတ်ဆွေကောင်းတွေဟာ လူတစ်ယောက်အောင်မြင် မှုအတွက် အထောက်အကူဖြစ်တာ သေချာတယ်။
အောင်မြင်နေတဲ့ တိုင်းပြည်တစ်ခုဟာ ဆင်း ရဲနိမ့်ကျနေတဲ့ တိုင်းပြည်တစ်ပြည်နဲ့ ဘာကွာခြားသလဲ။ အောင်မြင်တဲ့ တိုင်းပြည်တစ်ပြည်မှာ လူတွေအောင်မြင် ဖို့ ပတ်ဝန်းကျင်ကောင်းတွေ အများကြီးဖန်တီးပေးနိုင် တာ တွေ့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန် တီးပေးနိုင်တယ်။ ပညာရေးအခင်းအကျင်းတွေ ပြည်သူ တွေ ကျန်းမာသန်စွမ်းနေဖို့ အားကစားလုပ်နိုင်ဖို့ နေရာ ထိုင်ခင်းတွေ၊ အဆောက်အအုံတွေ၊ လူတွေ ဘဝလုံခြုံ စိတ်ချပြီး စိတ်အေးလက်အေးနေနိုင်ဖို့ လူ့အခွင့်အရေး 
အပြည့်အဝရှိနေဖို့ အစစအရာရာ ဖန်တီးပြီး ဖြစ်နေ တယ်။ မပြည့်စုံတာတွေကိုလည်း ထပ်ထပ်ပြီး ဖြည့်နေ ကြတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုဆီကို တွန်းတင်ပေးတယ်။ တချို့က ကိုယ့် ကိုယ်ကိုယ် အနာခံပြီးတောင် တင်ပေးတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တာ လက်တွေ့ပြပြီး ကြိုးပမ်းကြတာဖြစ်တယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာ ဒါတွေ တစ်ခုမှမရှိဘူး။ တစ်ယောက်ကိုတစ်ယောက် တွန်းတင်မပေးတဲ့အပြင် တစ်ယောက်ပေါ်တစ်ယောက် တက်နင်းကြတယ်။ ချမ်း သာတဲ့နိုင်ငံတွေနဲ့ ကြီးကြီးမားမား ကွာခြားသွားတဲ့နေရာ ရှိတယ်။ သိသိသာသာကြီး ကွာခြားနေတာ။ အဲဒါက သူတို့ဆီမှာ ပညာရေးစနစ်က ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို သိသိသာသာ တွန်းတင်ပေးနိုင် တယ်။ စိတ်ရောကိုယ်ပါနှစ်ပြီး တွန်းတင်ပေးတယ်။ သူ တို့နိုင်ငံတွေက အောင်မြင်သူတိုင်းရဲ့ အောင်မြင်ခဲ့တဲ့
 အကြောင်းရင်းထဲမှာ ဆရာ၊ ဆရာမတွေရဲ့ တွန်းအားက အဓိကနေရာက ပါဝင်တယ်။ ဥပမာ ဘီလ်ဂိတ်၊ ဘီလ် ဂိတ်ကို သူ့ရဲ့ ဆရာ၊ ဆရာမတွေက အားတက်သရော မြေတောင်မြှောက်လာခဲ့ကြတယ်။
အိုင်းစတိုင်းဟာ ငယ်စဉ်က စကားနည်းတဲ့ အပြင် ပြောရင် ထုံထုံထိုင်းထိုင်းနဲ့ ဥာဏ်ရည်မပြည့်တဲ့ ကလေးတစ်ယောက်များလားလို့တောင် ထင်မှတ်ကြရ တယ်။ သူ့အတွက် ပတ်ဝန်းကျင်တွန်းအားကတော့ အင် ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ဦးလေးနဲ့ မိတ်ဆွေ ဆေးကျောင်းသားလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ Relativity သီအိုရီဟာ သူ့ရဲ့ရူပဗေဒပတ် ဝန်းကျင်ကောင်းတွေ သုတေသီကောင်းတွေ ကြားထဲ မှာ တောက်ပြောင်လင်းလက်ခဲ့ပါတယ်။ သူ့ရဲ့အောင် မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်းကိုလည်း သူဖန်တီး တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက် တွန်းတင်ရင်းနဲ့ သူတို့အားလုံး မြင့်တက် လာကြတယ်။
အမေရိကန်နိုင်ငံဟာလည်း တစ်ယောက်နဲ့ တစ်ယောက် တွန်းတင်ခဲ့တဲ့နိုင်ငံထဲမှာ အပါအဝင်ဖြစ် တယ်။ သူတို့ဆီမှာ တကယ်တော်ပြီး အကျင့်စာရိတ္တ ကောင်းရင် ဆင်းရဲသားလည်း သမ္မတဖြစ်နိုင်တယ်။ လူ မည်းလည်း သမ္မတဖြစ်နိုင်တယ်ဆိုတာ ပြခဲ့ပြီ။
အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ ဂျော့ရှ်ဝါရှင်တန်ဆိုရင် ကျောင်းစာ ဖြစ်ဖြစ်မြောက်မြောက် မသင်ခဲ့ရပါဘူး။ မြေတိုင်းပညာရပ်ကို ဝါသနာပါတဲ့အ တွက် သချာင်္ကိုပဲ အသေအချာ လေ့လာသင်ကြားခဲ့တာ ပါ။ သူဟာ အမေရိကန်နိုင်ငံကို အင်္ဂလိပ်လက်အောက် က လွတ်မြောက်အောင် ကြိုးပမ်းခဲ့တဲ့ သူရဲကောင်းလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ လွတ်လပ်စ အမေ ရိကန်နိုင်ငံကို အမေရိကန်ပြည်ထောင်စုရယ်လို့ ပျိုး ထောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သတ္တမမြောက် အမေရိကန်သမ္မတဟာ ငယ် ရွယ်စဉ်ဘဝက တော်လှန်ရေးတပ်ဖွဲ့မှာ တပ်သားလေး ပါ။ နောက်ပိုင်းတိုက်ပွဲတွေမှာ အောင်ပွဲရ စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာပြီးနောက်ပိုင်း ရွေးကောက်ပွဲဝင်ပြိုင်ရာ မှာ ပထမအကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယအကြိမ်ရွေး ကောက်ပွဲကျမှ ရွေးကောက်ပွဲမှာ အနိုင်ရပြီးသမ္မတ ဖြစ် ခဲ့ပါတယ်။ သူ့အရင် လူချမ်းသာတွေချည်း 
သမ္မတဖြစ်ခဲ့ တဲ့အတွက် အုပ်ချုပ်ရေးဟာ လူချမ်းသာတွေအတွက် သီး သန့်နေရာလို ဖြစ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ပြီး လုပ်ကြံခံ ရပေမယ့် မသေခဲ့ပါဘူး။ သူကတော့ သမ္မတအင်ဒရူး ဂျက်ဆင် ဖြစ်ပါတယ်။
ဆင်းရဲသားမိသားစုက သမ္မတဖြစ်တဲ့ နောက် တစ်ယောက်က မာတင်ဗန်ဗြူရင်ဖြစ်ပါတယ်။ ဒတ်ခ်ျ (နယ်သာလန်)မျိုးရိုး ဖြစ်ပါတယ်။ အင်္ဂလိပ်မျိုးနွယ် မဟုတ်တဲ့အထဲမှာ ပထမဆုံးသော အမေရိကန်သမ္မတ လည်းဖြစ်ပါတယ်။ နယူးယောက်မြို့နားက ရွာကလေး တစ်ရွာမှာ မွေးဖွားခဲ့တာပါ။ သူ့မိသားစုမှာ လယ်မြေ လေးတစ်ကွက်နဲ့ ဆိုင်ငယ်လေးတစ်ဆိုင်ပဲ ပိုင်ဆိုင်ခဲ့ပါ တယ်။ ရွာကျောင်းမှာနေရာကနေ ၁၄ နှစ်သားမှာ တ ရားရုံးမှာ ဝင်အလုပ်လုပ်ရင်း အသက် ၂၁ နှစ်အရွယ် မှာ ရှေ့နေဖြစ်ပါတယ်။ အောင်မြင်တဲ့ ရှေ့နေဘဝက နေ နိုင်ငံရေးဘက်မှာ လေ့လာလိုက်စားရာကနေ ဥပဒေ အရာရှိ၊ တရားသူကြီး အထက်လွှတ်တော်အမတ်၊ နိုင်ငံ ခြားရေးဝန်ကြီး၊ ဒုသမ္မတ စတဲ့ ရာထူးတွေ အဆင့်ဆင့် တက်လှမ်းရာကနေ နောက်ဆုံး အမေရိကန်နိုင်ငံရဲ့ အဋ္ဌမမြောက် သမ္မတဖြစ်ခဲ့တာပါ။
၁၃ ယောက်မြောက် အမေရိကန်သမ္မတဖြစ် တဲ့ 'မီလတ်ဖီးလ်မိုး' ကို နယူးယောက်အနောက်ဘက် က သစ်လုံးအိမ်လေးမှာ မွေးဖွားခဲ့ပါတယ်။ ကျောင်း မနေဖူးခဲ့တဲ့ အမေရိကန်သမ္မတပါ။ ၁၄ နှစ်အရွယ်မှာ စက်ချုပ်ဆိုင်တစ်ဆိုင်မှာ ဝင်ကူညီ လုပ်ကိုင်ပေးရင်းနဲ့ ဥပဒေပညာကို စိတ်ဝင်တစား လေ့လာလိုက်စားရင်း ၂၃ နှစ်အရွယ်မှာ ရှေ့နေဖြစ်နေပါပြီ။ ကိုယ်ထူးကိုယ် ချွန်ခဲ့ရသူ ဖြစ်ပါတယ်။ နောက်တစ်ဆင့် နိုင်ငံရေးလော က ထဲဝင်ရောက်ကြိုးစားရင်း ဒုသမ္မတဖြစ်လာတယ်။
၁၅ ယောက်မြောက် အမေရိကန်သမ္မတဟာ လည်း စစ်သားဘဝကနေ ကြိုးစားရင်း အောင်မြင်တဲ့ ရှေ့နေဖြစ်လာရာကနေ
ြ
ပည်နယ်လွှတ်တော်၊ အောက် လွှတ်တော်၊ အထက်လွှတ်တော်ကနေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာရင်း နောက်ဆုံး သမ္မတရာထူး ရခဲ့ပါတယ်။
နောက်တစ်ဦးကတော့ ၁၆ ယောက်မြောက် သမ္မတဖြစ်တဲ့ 'အေဗရာဟင်လင်ကွန်း'ပါ။ ဂျော့ခ်ျဝါ ရှင်တန်ပြီးရင် နာမည်အကျော်ကြားဆုံး သမ္မတပါ။ နိုင်ငံ တကာကအစ မသိတဲ့သူ မရှိသလောက်ပါ။ ငယ်စဉ် မှာ အလွန်ဆင်းရဲ နုံချာခဲ့ပါတယ်။ 
အမေဖြစ်သူက သူ ကိုးနှစ်သားအရွယ်မှာ ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရပါတယ်။ အမေကဆင်းရဲပေမယ့် အသိမဆင်းရဲတော့ သားဖြစ် သူကို ပညာသင်ယူဖို့နဲ့ ကမ္ဘာမှာ ကျော်ကြားအောင်ကြိုး စားဖို့ မကွယ်လွန်မီ မှာကြားသွားပါတယ်။ မိထွေးရလာ
 ပြန်တော့လည်း လင်ကွန်းကို အကျင့်စာရိတ္တကောင်း မွန်ရေးအတွက် လမ်းပြရင်း တွန်းတင်ခဲ့ပါတယ်။
ငယ်စဉ်မှာ ဖခင်ရဲ့ လက်သမားအလုပ်ကိုလည်း အရွယ်နဲ့မမျှအောင် ဝင်ကူညီခဲ့ရပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်လာမယ့် လင်ကွန်းလေးဟာ မီးခွက်၊ ဖယောင်း တိုင်တောင်မတတ်နိုင်လို့ မီးလင်းဖိုဘေးမှာ ရတဲ့အလင်း ရောင်လေးနဲ့ စာဖတ်ခဲ့ရပါတယ်။ ပျဉ်ချပ်ပေါ်မှာ မီးသွေး ခဲနဲ့ စာရေးကျင့်ခဲ့သူပါ။ ကုန်စုံဆိုင်အရောင်းသမား၊ မြေ တိုင်းစာရေး ဝင်လုပ်ရင်း ရှေ့နေစာမေးပွဲ ဖြေဆိုအောင် မြင်ခဲ့ပါတယ်။ နောက်တစ်ဆင့်က လွှတ်တော်အမတ် လုပ်ခဲ့ပါတယ်။ စကားပြောကောင်းတဲ့ ရှေ့နေအဖြစ် လည်း နာမည်ကြီးနေပါပြီ။ နောက်ဆုံး မဲအပြတ်အသတ် နဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ဒုတိယအကြိမ်မှာလည်း လင်ကွန်းဟာ သမ္မတအဖြစ် အရွေးခံခဲ့ရပြန်ပါတယ်။
ပြည်တွင်းစစ်ဖြစ်တဲ့အထိ သမ္မတလင်ကွန်း ဟာ အသားအရောင်ခွဲခြားမှုနဲ့ ကျွန်စနစ်ကို ပြတ်ပြတ် သားသား ဆန့်ကျင်ခဲ့လို့ ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီအ ကြောင်းကြောင့်ပဲ သမ္မတလင်ကွန်းဟာ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ပေမယ့် နာမည်မသေခဲ့တဲ့ သမ္မတဖြစ်တယ်။
၁၇ ဦးမြောက် အမေရိကန်သမ္မတလည်း ထူး ခြားပါတယ်။ သမ္မတလင်ကွန်း လုပ်ကြံခံရလို့ ဒုသမ္မတ ကနေ သမ္မတဖြစ်ခဲ့သူပါ။ သူ့ရဲ့ထူးခြားချက်က သူဟာ စာတတ်ပေတတ် တစ်ယောက်မဟုတ်ခဲ့ဘဲ အသက် ၂ဝ ရောက်မှသာ ဇနီးဖြစ်သူ ကူညီသင်ကြားပေးလို့ စာရေး တတ် ဖတ်တတ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ သို့သော် သူ့ ကို ဥာဏ်ကောင်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြု ကြရပါတယ်။ သူ့နာမည်က 'အင်ဒရူးဂျွန်ဆင်'ဖြစ်ပါတယ်။
၂ဝ ယောက်မြောက်သမ္မတက 'ဂျိမ်းစ်အေဂါ ဖီး'ဖြစ်ပါတယ်။ သူလည်း ဆင်းရဲသားဘဝကလာတဲ့ သမ္မတပါ။ သစ်လုံးအိမ်နဲ
့ ကြီးပြင်းခဲ့ရတဲ့ မုဆိုးမသား တစ်ယောက် ဖြစ်ပါတယ်။ အလုပ်ကြမ်းသမား၊ ဆင်းရဲ သားဘဝကနေ အပတ်တကုတ် ကြိုးစားအားထုတ်လို့ ပါမောက္ခဖြစ်လာသူ။ နောက်ပိုင်း ဗိုလ်ချုပ်၊ အောက်လွှတ် တော်အမတ်ကနေ သမ္မတဖြစ်လာခဲ့ပါတယ်။
၃၃ ယောက်မြောက် သမ္မတလည်း ကျော် ကြားပါတယ်။ သူ့နာမည်က 'ဟာရီထရူးမင်း'ဖြစ်ပါတယ်။ သူလည်း ငယ်စဉ်က တောင်သူလယ်သမားသား ဖြစ်ခဲ့ တာပါ။ မိဘတွေကို ကူညီလုပ်ကိုင်ရင်း အထက်တန်း ကျောင်းမှာ ကျောင်းတက်ခဲ့ပါတယ်။ သူလည်း အလုပ် စုံအောင်လုပ်ရင်း ဘဝကို ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ မီးရထားအလုပ်သမား၊ သတင်းစာခေါက်သူ၊ ဘဏ် စာရေးစာရင်းကိုင် အလုပ်တွေအပြင် ဖခင်ကွယ်လွန် တော့ မိခင်ထံပြန်လာပြီး လယ်ယာလုပ်ငန်းခွင်ဝင်ရတဲ့ လယ်သမား စတာတွေဟာ သူဖြတ်သန်းခဲ့ရတဲ့ ဘဝတွေ ဖြစ်ပါတယ်။
နောက်ပိုင်းလည်း အလှည့်ကျစစ်မှုထမ်း အပြင် ဗိုလ်ကြီးဘဝ၊ အထည်ဆိုင်သမား ပြီးမှနိုင်ငံ ရေးလောကထဲဝင် တရားသူ
ကြီးကနေ တရားသူကြီး ချုပ်၊ နောက်ပိုင်း အထက်လွှတ်တော်အမတ်၊ ဒုသမ္မတ ကနေ သူ့ရှေ့က ရုစဗဲ့ကွယ်လွန်တော့ သူသမ္မတဖြစ် လာပါတယ်။ ဒုတိယအကြိမ်မှာလည်း သမ္မတအ ဖြစ် အရွေးခံခဲ့ရပြန်ပါတယ်။ လူသတ်သမားရဲ့လုပ် ကြံတာခံရပေမယ့် မသေခဲ့တဲ့သမ္မတဖြစ်ပါတယ်။
'ဂျင်မီကာတာ'ကတော့ ၃၉ယောက်မြောက် အမေရိကန်သမ္မတဖြစ်ပါတယ်။ သူလည်း ငယ်စဉ် က ဆင်းရဲတဲ့ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဂျင်မီကာ တာလေးဟာ မိသားစုမြေပဲခင်း၊ ထင်းရှူးတောနဲ့ လယ်ကူလီတွေကြားမှာ လူလားမြောက်ခဲ့ရတဲ့တော သားလေးတစ်ဦးပါ။ ပတ်ဝန်းကျင်ကောင်းအဖြစ် အဖေ ဆီကနေ အလုပ်ကြိုးစားမှု၊ ချွေတာစုဆောင်းတတ် မှုနဲ့ စီးပွားရေးမှာ လာဘ်မြင်မှုတွေကို တွန်းအားတစ် ရပ်အဖြစ် လက်ခံရရှိခဲ့ပါတယ်။
မေတ္တာတရားနဲ့ စာပေလိုက်စားမှုကို မိခင် ဆီကသူရခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေးကပ်ဆိုက် ချိန်မှာ ကာတာဟာ အထက်တန်းအောင်ပေမယ့် ကော လိပ်တက်ဖို့ ငွေကြေးအဆင်မပြေပါဘူး။ ပြည်နယ် ကောလိပ်မှာ နှစ်နှစ်အခမဲ့တက်လို့ရတဲ့ ရေတပ်ဗိုလ် သင်တန်းကို သူဝင်ခွင့်ရခဲ့ပါတယ်။ ရေငုပ်သင်္ဘော မှာ တာဝန်ထမ်းဆောင်ရင်း ပြည်ထောင်စုကောလိပ် မှာ 
အဏုမြူဘာသာရပ်နဲ့ စက်မှုဘာသာရပ်တွေသင် ယူဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဖခင်ရဲ့လယ်ယာမြေ ကို
 စက်မှုလယ်ယာပြောင်းလုပ်ရာက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေး လောကထဲဝင်ပြီး အထက်လွှတ်တော်အမတ်ဖြစ်၊ ဂျော်ဂျီယာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး နောက် ဆုံး သမ္မတရာထူးကိုရရှိခဲ့ပါတယ်။
ဒါတွေကတော့ ငယ်စဉ်ဆင်းရဲတဲ့ဘဝက နေ ကိုယ့်ခြေပေါ်ကိုယ်ရပ်ပြီး သမ္မတဖြစ်တဲ့အထိ အောင်မြင်အောင်ကြိုးစားခဲ့သူတွေဖြစ်ပါတယ်။ သူ တို့မှာလည်း ပတ်ဝန်းကျင်ကောင်းတွေ ကိုယ်စီကြုံတွေ့ ရင်း တွန်းအားတွေဖြစ်ခဲ့မယ်ဆိုတာ သေချာပါတယ်။
ကောင်းဆက်နိုင်
သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။ သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။ လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။ ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ? အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။ (၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။ (၂) ဖေးမကူညီတဲ့သူငယ်ချင်း သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။ (၃) စိတ်တူကိုယ်တူ သူငယ်ချင်း သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။ (၄) တံတားခင်းပေးတဲ့ သူငယ်ချင်း ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။ (၅) အားပေးဖော် သူငယ်ချင်း ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။ (၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။ (၇) လမ်းပြသူ သူငယ်ချင်း သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။ (၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အပျော်ဆုံးဆိုတာ

တစ်ခါက ကျီးတစ်ကောင်သည် တောထဲတွင်ပင်နေရ၍ မိမိဘဝကို မိမိ စိတ်အပျက်ကြီး ပျက်နေမိသည်။ တစ်နေ့သောအခါ ကျီးသည် ငန်းဖြူတစ်ကောင်နှင့် ဆုံမိလေသည်။ ကျီးသည် ငန်းကို
ကြည့်ပြီး " ဒီ...ငန်းဟာ ဖြူဆွတ်နေတာပဲ။ ငါကတော့ အလွန်မဲတယ်။ ဒီငန်းဟာ ဒီကမ္ဘာမှာ အပျော်ဆုံးဖြစ်မှာပဲ" ဟု တွေးမိပါသည်။ ထို့ကြောင့် ကျီးသည် ငန်းဖြူအား "မင်းဟာ သိပ်လှတာပဲ။ မင်း... ဒီကမ္ဘာမှာ နေရတာ အရမ်းပျော်မှာပဲနော်" ဟု
 ပြောလေသည်။ ထိုအခါ ငန်းဖြူက ကျီးအား " အမှန်တစ်ကယ်တော့ ငါ... ကြက်တူရွေးကို မတွေ့သေးခင်က ငါ့ကိုယ်ငါ အလှဆုံးထင်ခဲ့တာ။ ကြက်တူရွေးတွေဟာ ကာလာနှစ်မျိုးနဲ့ အရမ်းလှတယ်။ ငါတော့ ဒီကမ္ဘာမှာ ကြက်တူရွေးတွေက အပျော်ဆုံးလို့ ထင်တာပဲကွာ" ဟု ပြောလေသည်။ ထို့ကြောင့် ကျီးသည်
ကြက်တူရွေးအား ဒီကမ္ဘာမှာ အပျော်ဆုံး ဟုတ်မဟုတ်မေးရန် ကြက်တူရွေးဆီသွားလေသည်။ ထိုအခါ ကြက်တူရွေးက " ငါလေ ဒေါင်းကို မတွေ့ခင်အထိတော့ အပျော်ဆုံးဖြစ်ခဲ့တာပေါ့။ ငါ့မှာက နှစ်ရောင်ပဲရှိတာလေကွာ။ ဒေါင်းတွေမှာက ကာလာစုံပါကြတယ်ကွ" ဟု ကျီးကို ပြောလိုက်ပါ သည်။ ထို့ကြောင့် ကျီးသည် ဒေါင်းအားအပျော်ဆုံးဟုတ်မဟုတ် မေးရန် တိရစ္ဆာန်ဥယျာဉ်ထဲရှိ ဒေါင်းထံသွားရောက်လည်ပတ် လေသည်။ တိရစ္ဆာန်ရုံရောက်တယ်ဆိုရင်ပဲ ဒေါင်းနားမှာ ထောင်ပေါင်းများစွာသော လူတွေက ဒေါင်းအလှအား ရှုစားနေကြ ပါသည်။ လူတွေစဲသွားသောအခါ ကျီးက ဒေါင်းနား ကပ်လာပြီး "အဆွေဒေါင်း...သင်ဟာ သိပ်လှတာပဲ။ ထောင်ပေါင်းများစွာသော လူတွေကပင် သင့်အလှကို လာကြည့်ကြတယ်။ 
လူတွေများ ငါ့ကို တွေ့ရင် ချက်ခြင်းပဲ ရှူး...ရှူး...ဆိုပြီး နှင်လွှတ်ကြတယ်။ အဆွေဒေါင်း...မင်းဟာ ဒီကမ္ဘာမှာ အပျော်ဆုံး ဖြစ်နေမှာပဲနော်" ဟု ပြောလေသည်။ ထိုအခါ ဒေါင်းက " အဆွေကျီး... ကျွန်ုပ်ဟာ သင် ပြောသလိုပဲ ဒီကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် အလှဆုံးနဲ့အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အဆွေကျီးရယ်... ကျွန်ုပ်ဟာ ဒီအလှကြောင့်လည်း တစ်နေကုန် တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲမှာ နေရတယ်။ အဆွေကျီး...ငါဟာ တိရစ္ဆာန်ရုံရောက်ကတည်းက စူးစမ်းမိတယ်။ ဒီ တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲ မရှိတာဆိုလို့ ကျီးပဲရှိတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရက်တွေတုန်းကတောင် ငါ... စဉ်းစားမိသေးတယ်။ ငါသာ...အသင်ကျီးဖြစ်ခဲ့ရင် သိပ်ပျော်မိမှာပဲ။ ငါ...ကြိုက်တဲ့နေရာသွားပြီး တွန်ကျူးမိမှာပဲ"
credit: Happiest Bird in the world from moral story in english.
moral; ကျွန်မတို့တစ်တွေဟာ မိမိကိုယ်မိမိ၊ မိမိအလှကို မိမိ မည်သည့်အခါမျှ ကျေနပ်ရောင့်ရဲခြင်းမရှိပါ။ အခြားသူများကိုသာ ကြည့်၍ အားကျနေတတ်ကြပါသည်။ မည်သို့ပင် မလှသည်ဖြစ်စေ၊ မည်မျှပင် လှသည်ဖြစ်စေ၊ လူတိုင်း၌ ကိုယ်ပိုင်ကျက်သရေတစ်မျိုး ရှိတတ်ကြပါသည်။ အချို့ကရုပ်လှကြသည်။ အချို့ကဖော်ရွေကြသည်။ အချို့ကမူ ဥာဏ်ကောင်းကြသည်။ လူတိုင်းသည် ကိုယ့်လိုအင်ကိုယ် မဖြည့်ဆည်းနိုင်ကြပေ။ မည်သို့ပင်ဆိုစေကာမူ သူတစ်ပါးအားမကျဘဲ၊ ဝန်တိုခြင်းမရှိဘဲ မိမိမှာရှိသော အလှတရားများကိုသာ သတိမူပြီး ထိုကျက်သရေလေးကိုသာ တစ်နေ့ထက်တစ်နေ့တိုးပွါးလာအောင် ပြုလုပ်သင့်ပါသည်။

ယုယုလွင်ရေးသားသည်

အမေ

နေမကောင်းဖြစ်နေတဲ့အမေက သားဖြစ်သူဆီ စာတစ်စောင်ပို့လိုက်တယ် ။ အမေက ပညာမတတ်ပါဘူး ။ ဒါပေမယ့် ကြိုးစားပမ်းစားစာတိုလေးတစ်ပိုဒ်ကို ဖြစ်အောင်ရေးပြီးပို့ခဲ့တယ်

။ စာထဲမှာ ရေးထားတာက

“ သား ..
အမေသတိရစွာနဲ့စာရေးလိုက်တယ်
အမေနေမကောင်းလို့ တစ်ခေါက်လောက်လာကြည့်ပေးပါ ” တဲ့
ဇနီးဖြစ်သူက အိမ်ရောက်ရောက်ချင်း စာတစ်စောင်ရောက်နေတယ် လို့သူ့ကိုပြောတယ် ။ အိမ်ရှေ့ခန်းမှာ ဇနီးက စာကို ဖောက်ပြီးအတူ ဖတ်ရအောင်ပြောတယ် ။ အမေပညာမတတ်တာကို သိတဲ့သားက သူ့အမေလက်ရေးမြင်မြင်ချင်း ရှက်ရွံ့သွားမိတယ် ။ ဒါနဲ့ ပထမစာကြောင်း လောက်မှာပဲ ဘာမှမဟုတ်ပါဘူးကွာ ဖတ်မနေပါနဲ့လို့ သူ့ဇနီးကိုပြောခဲ့တယ် ။

ဒီလိုနဲ့ နောက်တစ်လကြာတဲ့အခါ စာတိုက်ကနေ အမေဆုံးပြီဆိုတဲ့ စာ ကို အိမ်နီးချင်းတွေက ပို့လိုက်လို့ရောက်လာခဲ့တယ် ။ သူ အမေ့အိမ်အမြန်ပြေးသွားပြီး အိမ်နီးချင်းတွေကိုမေးတယ် ။

“ ဘာလို့နေမကောင်းတာ ကျွန်တော့်ကို အကြောင်းမကြားရတာလဲ ”
“ သူနေမကောင်းတဲ့ကြားထဲက လာကြည့်ပေးဖို့ စာတိုလေးတစ်စောင် ရေးပို့ပေးခဲ့ပါတယ် သူ့ကိုယ်စားရေးပေးပါ့မယ်ဆိုတာတောင်မရဘူး သူစာတတ်ပြီဆိုတဲ့အကြောင်းသူ့သားကို ပြချင်လို့တဲ့ .. သူ့သားသူ့အတွက်နဲ့ရှက်စရာမလိုတော့ဘူးတဲ့ ”

=====================

နောင်တဆိုတာ ဘယ်လိုနောင်တမှ မကောင်းပါဘူး ။
နောင်တမရခင်လေး ပြင်သင့်တာပြင်ပြီး
ပညာတတ်တဲ့အမေဖြစ်စေ ပညာမတတ်တဲ့အမေဖြစ်စေ
အမေကို အမေလို သဘောထားပြီး မိဘကျေးဇူးဆပ်နိုင်ဖို့ကြိုးစားတာ အကောင်းဆုံးပါပဲ ။
မိဘကျေးဇူးမဆပ်နိုင်တောင် မိဘကို စော်ကားမိတဲ့သားသမီးတွေမဖြစ်ကြဖို့အရေးအကြီးဆုံးပါပဲ ။

သက်တန့်ချို

သမီးချစ်သောဖေဖေ

ဂျိန်း........(မိုးချိန်းသံ)

သည်းထန်စွာရွာသွန်းနေတဲ့ မိုးရေထဲမှာမမောနိုင်မပန်းနိုင်နဲ့ပြေးနေတဲ့ခလေးတစ်ယောက်ကိုကျွန်တော်
အမှတ်မထင်လှမ်းတွေ့လိုက်တယ်။ ခပ်လှမ်းလှမ်းမှမြင်လိုက်ပေမယ့် လက်ထဲမှာကိုင်ထား
တဲ့ပုလင်းကိုမြင်တာနဲ့ကျွန်တော်သိလိုက်ပါပြီ။ဒါ ကိုမြကြီးရဲ့ သမီးကြီး မြူနှင်းလေးပါပဲ။
ဒီအချိန်ဆိုရင် ကိုမြကြီးတို့ရေချိန်မပြည့်သေးလို့ ပြဿနာရှာနေကြအချိန်ဖြစ်နေပြီလေ။ လမ်းထဲကလူတွေ
အတွက်တော့ နှိုးစက်တစ်ခုလိုပဲ အချိန်မှန်ကြားနေရဲ့အသံပဲပေါ့။

ကိုမြကြီးအလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်ဖူး။နေပူတယ် မိုးရွာတယ် အကြောင်းပြ ဟိုအလုပ်မကြိုက်ဒီအလုပ်မကြိုက်နဲ့ သူ့မိန်းမ မခင်ရီနဲ့ သမီးကြီး မြူနှင်းတို့ရဲ့
လုပ်စာကိုသာထိုင်စားနေတော့သည်။ ဒေါခင်ရီကမနက်ဆိုရင် ပဲပြုတ်ရောင်းပြီး နေ့လည်ပိုင်းဆိုရင် ဖရဲသီး
ပြောင်းဖူးပြုတ် စသည်ဖြင့် ရာသီစာသီးနှံများကိုရောင်းပါတယ်။ မြူနှင်းလေးကတော့ လမ်းထိပ်က ဒေါအေးငွေဆီမှ အကြော်ယူရောင်းပါတယ်။ ဒေါ်ခင်ရီကသူ့သမီးပင်
ပန်းမှာကိုမကြည့်ရက်လို့မရောင်းခိုင်းပါဘူး။

ဒါကိုမြူနှင်းလေးက ဖေဖေ့အရက်ဖိုးရအောင်ရောင်းတာပါတဲ့။ ဖေဖေအရက်သောက်လို့မဝရင် မေ့မေ့ကိုရိုက်
မှာစိုးလို့တဲ့မေမေက သမီးတို့ကိုလည်းရှာကြွေးရ ဖေဖေ့အရက်ဖိုးလည်းရှာရဆိုရင်ပင်ပန်းမှာပေါ့ တဲ့။ အခုလည်း ကြည့်ပါဦး ကျောင်းကပြန်လာပြီး ထမင်းချက်နေတဲ့ မြူနှင်းလေးတစ်ယောက် မိုးရေထဲမှာ ပုလင်းကိုင်ပြီး ဟိုဖက်ရက်ကွက်က ကိုသိန်းအောင်ရဲ့ အရက်ဖြူဆိုင်ကို ပြေးနေရပြီ။

မြူနှင်းလေးကိုကြည့်ရင်းယသူ့မိသားစုအကြောင်းကိုစဉ်းစားရင်း ကျွန်တော်ရင်မောနေမိတယ်။ ငါသာကိုမြကြီးနေရာမှာဆိုရင် အခုလို မြူနှင်းလေးကို မိုးရေထဲမှာအရက်ဝယ်ခိုင်းမှာလား? မိန်းမနဲ့သမီးလုပ်စာကိုထိုင်စားနေမှာလား? ဒီလောကကြီးထဲမှာ ကိုမြကြီးလိုလူတွေ
ဘယ်လောက်တောင်များနေပြီလဲ? မြူနှင်းလို သမီးလေးတွေရောဘယ်လောက်တောင်ရှိနေပြီလဲ? လို့ကျွန်တော်တွေးရင်း.....တွေးရင်း...တွေးရင်း......

ဗလမင်းထင်


ဒီပုံပြင်လေးကတော့ကြားဖူးတဲ့သူတွေများမှာပါ ကြိုက်လွန်းလို့ပြန်တင်လိုက်တာပါ

ထင်းခုတ်သမားပုံပြင်

----------------------------- တစ်ခါက ထင်းခုတ်သမားလူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်းညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကိုသတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီးထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက်စောပြီး ထင်းခုတ်ရန်ထွက် ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက်ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ထင်းမှာ သူ့ထက်ပိုများနေသည်ကိုတွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာအဘိုးအိုထက် နည်းနေခဲ့သည်။ ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအားမေးမြန်းခဲ့သည်။ ” အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်… အဘိုးထက်စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက်နည်းနေခဲ့တယ်… ဘာကြောင့်လဲ” “ဒီိလို လူလေး… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကိုသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုးအသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီးအလုပ်သိမ်းခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်… ဒါကြောင့် လူလေးရဲ့ထင်းတွေ နည်းနေတာပါ” “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ်ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်” လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်းကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ်သွားနိုင်တယ်။ 
 Credit to Original Writer K.K(ကနောင်)

Wednesday, November 25, 2015

ကြက်နှင့်ဘဲပုံပြင်

ကြင်စဦး ဇနီးမောင်နှံတစ်တွဲ ဟာ ညနေစာစားပြီးနောက် တောထဲကို လမ်းလျှောက်ထွက်ကြ ပါတယ်။ အတူတကွ လမ်းလျှောက်လာရင်း နှစ်သက်ပျော်ရွှင်စွာ အချိန်တွေ ကုန်ဆုံးသွားတယ်။ အဝေးတစ်နေရာက “ ဂတ်ဂတ် ” ဆိုတဲ့ အသံတစ်သံ ကို မကြားခင် အထိ သူတို့နှစ်ယောက် ပျော်ရွှင် ကြည်နူးနေရပါတယ်။
“နားထောင်ကြည့်၊ ဒါဟာ ကြက်တစ်ကောင် ဖြစ်မယ်” လို့ မိန်းမ ဖြစ်သူက ပြောလိုက်တယ်။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒါက ဘဲတစ်ကောင် အသံပါ” လို့ ယောင်္ကျား က ပြန်ပြောတယ်။
“မဟုတ်ဘူး။ သေချာတယ်၊အဲဒါ ကြက် ” လို့ သူမက ပြောတယ်။
“ မဖြစ်နိုင်တာပဲ။ ကြက်ဆိုရင် “ကွက်ကွက် ” လို့ အော်မှာ၊ ဘဲ က “ဂတ်ဂတ်” လို့ အော်တယ်။ ဒါကြောင့် ဘဲ အသံပါ၊ အချစ်ရယ်။” လို့ စိတ်မရှည်သည့် အသံ နဲ့ ယောင်္ကျား ဖြစ်သူက ပြောတယ်။
“ဂတ်ဂတ် ” ဆိုသည့် အသံက နောက်ထပ် ပေါ်လာပြန်သည်။
“ကြည့်လိုက်၊ ဒါ “ဘဲ” ဖြစ်တာ သေချာတယ်။” လို့ သူက ပြောတယ်။
“မဟုတ်ပါဘူး၊ ယောင်္ကျားရယ်။ ဒါဟာ ကြက်တစ်ကောင်ပါ။ ကျမ သေချာပါတယ်။” လို့ မိန်းမက ခြေကို ဆောင့်ရင်း ပြန်ပြောတယ်။
“နားထောင်ကြည့်၊ မိန်းမ။ ဒါဟာ….ဘဲ။ ဘ…..ဘဲ။ ကြားလား။ ” လို့ ယောင်္ကျားက စိတ်ဆိုးစွာ ပြောတယ်။
“ဒါပေမဲ့၊ အဲဒါ ကြက် ” လို့ သူမက ကန့်ကွက်လိုက်တယ်။
“ ဒါက မိတ်လိုက်တဲ့ ဘဲ ”
သူ တစုံတရာကို ထပ်မပြောရခင်မှာ “ ဂတ်ဂတ် ” ဆိုတဲ့ အသံ ထွက်လာ ပြန်တယ်။
မိန်းမ ဖြစ်သူက မျက်ရည်စက်တွေ နဲ့ “ ကြက်ပါ ” လို့ ပြောတယ်။
နောက်ဆုံးမှာ ယောင်္ကျားက သူ့မိန်းမ မျက်လုံးမှာ မျက်ရည်တွေ ဝဲနေတာ တွေ့ပြီး၊ သူ ဘာကြောင့် သူ့မိန်းမကို လက်ထပ်သလဲ ဆိုတာ သတိရသွားတယ်။
သူ့မျက်နှာ သည် ပြော့ပျောင်းသွားပြီး “မှားသွားတယ်၊ အချစ်ရယ်။ မင်း မှန်တယ် လို့ ငါ ထင်တယ်။ ဒါဟာ ကြက်တစ်ကောင် ဖြစ်မယ် ”
“ကျေးဇူးပါ၊ ယောင်္ကျား ” လို့ သူမက ပြောပြီး၊ သူ့ယောင်္ကျား လက်ကို ဆုပ်ကိုင်လိုက်ပါတယ်။
“ဂတ်ဂတ်” ဆိုသည့် အသံမှာ သူတို့ နှစ်ဦး အတူတကွ လက်တွဲလျှောက်သွားတဲ့ အချိန်မှာ ထပ်ပေါ်လာပါတယ်။
ယောင်္ကျားဖြစ်သူက နောက်ဆုံးမှာ စိတ်ထဲမှာ ရှင်းလင်းစွာ သိမြင်သွားတယ်။ ကြက် ဖြစ်ဖြစ် ဘဲ ဖြစ်ဖြစ် ဘာကို ဂရုစိုက်ရမှာလဲ။ သူတို့အတူတကွ ရှိနေခြင်းက ပိုပြီး အရေးကြီးတာပါ။ ဒီလို သာယာတဲ့ နွေရာသီ ညနေခင်းမှာ အတူတကွ လမ်းလျှောက်နေခြင်းက ပိုပြီး အရေးကြီးတာပါ။ အရေးမကြီးတဲ့ ကိစ္စလေးတွေ အတွက် အိမ်ထောင်ရေးဘယ်နှစ်ခု လောက် ပြိုကွဲ ပျက်စီးခဲ့ပြီလဲ။ “ ကြက် သို့မဟုတ် ဘဲ ” ဆိုတဲ့ အရေးမကြီးတာလေး အတွက် အိမ်ထောင်ပြိုကွဲမှု ဘယ်နှစ်ခု ဖြစ်ခဲ့ပြီလဲ။
ဒီပုံပြင်လေးကို ကျွန်တော်တို့ နားလည်သွားတဲ့ အခါ ၊ ကျွန်တော်တို့ရဲ့ ဦးစားပေးဆောင်ရွက်ရမှု ကို သတိရပါလိမ့်မယ်။ “ ကြက် သို့မဟုတ် ဘဲ” ဆိုသည့် အရာမှာ မှန်ကန်သွားခြင်း ထက် အိမ်ထောင်ရေးက ပိုပြီး အရေးကြီးပါတယ်။ ကျွန်တော်တို့ဘက်က လုံးဝ သေချာပေါက် မှန်ကန်နေတယ် ဆိုတာ ဘယ်နှစ်ကြိမ် များ ရှိပါသလဲ။ အခု မှန်နေသည့် အရာတွေ ဟာ နောက်ပိုင်းကျရင် လုံးဝ မှားယွင်းနေတာလဲ ဖြစ်နိုင်တာပါပဲ။ ဘယ်သူများ သေချာ သိနိုင်မှာလဲ။ ဇီဝဗေဒအရ ပြုပြင်ထားသည့် “ကြက်” က “ဘဲ” အသံလိုမျိုး ထွက်နေခြင်း မဖြစ်နိုင်ဘူးလား။
(လိင်ခွဲခြားခြင်းမရှိသော၊ ငြိမ်းချမ်းသောဘဝ ပိုင်ရှင်ရဟန်းတစ်ဦး အနေနှင့် ထိုပုံပြင်ကို ကျွန်တော် ပြန်ပြောပြသည့် အခါတိုင်း ကြက် နှင့် ဘဲ ကို ပြောပြသည့် ယောင်္ကျား နှင့် မိန်းမ ကို တစ်လှည့်စီ ပြောင်းလဲပါသည်။)
ဆရာတော် “Ajahn Brahm”၏ “Who Ordered This Truckload of Dung?” စာအုပ်မှ “the chicken and the duck” အခန်းကို ဘာသာပြန်ဆိုပါသည်။)

နောက်ဆုံးစကားတစ်ခွန်း မပြောတာနဲ့

ဂုဏ်ဝင့်မာန်တက်နေတဲ့ သူဌေးမကြီးတစ်ဦးက အဆင့်မြင့် စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ စားသောက်ရင်း ဟိုဟာမကောင်းဘူး၊ ဒီလိုမရဘူးနဲ့ မကျေမနပ် ရေရွတ်နေခဲ့တယ်။ စားပွဲထိုးတွေက ခွင့်လွတ်သည်းခံပြီး ဘေးမှာခစားနေသည့်တိုင် သူဌေးမက မာန်မလျော့တဲ့အပြင် ပိုမောက်မာပြတော့တယ်။ ပြီးတော့ ဟင်းတစ်ပွဲကို လက်ညှိုးထိုးပြီး "ပြောစမ်း! ဒါက ဘာဟင်းလဲ? ဒီလိုဟင်းကို ဝက်ကတောင် စားမှာမဟုတ်ဘူး" လို့ အော်တယ်။
အဲဒီမှာ သည်းမခံနိုင်တော့တဲ့ စားပွဲထိုးတစ်ဦးက "သူဌေးကတော်.. တကယ်ပဲ ဝက်ကတောင် စားမှာမဟုတ်ဘူးလား! ဒီလိုဆိုရင် သူဌေးကတော်အတွက် ဝက်စားတဲ့အစာ သွားယူခဲ့မယ်"လို့ ပြောလိုက်တယ်။
ဒီနှစ်ယောက်ထဲမှာ တစ်ဦးက "စိတ်ကောင်း လုံးဝမရှိသူ"ဖြစ်ပြီး ကျန်တစ်ဦးက "ခွင့်လွတ်သည်းခံစိတ် လုံးဝမရှိသူ"ဖြစ်တယ်။ ဒါဟာ အခုခေတ်လူတွေရဲ့ ဆက်ဆံရေး အမျိုးအစားပုံစံပဲဖြစ်တယ်။
အောက်က သာဓကတွေကို ဆက်ကြည့်ရအောင်...
ခင်ပွန်း "မင်းစကားကို နားထောင်ရတာ လူနုံလူအတစ်ယောက်ရဲ့စကားကို နားထောင်နေရတာသလိုပဲ"
ဇနီး "ကျွန်မဒီလိုပြောမှ ရှင်နားလည်မယ်ဆိုတာ ရှင်မသိဘူးလား?"
ခင်ပွန်း "ပင်မင်းဆိုင်ပို့ထားတဲ့ ရှပ်အင်္ကျီတွေ ယူခဲ့ပြီလား?"
ဇနီး "ကျွန်မက ရှင်ရဲ့ဘာမို့လို့လဲ? အိမ်ဖော်လား?"
ခင်ပွန်း "အိမ်ဖော် မဟုတ်ပါဘူး။ မင်းသာအိမ်ဖော်ဆိုရင် အနည်းဆုံးတော့ အဝတ်ဘယ်လိုလျှော်ရမယ်ဆိုတာ သိမှာပေါ့"
ကျွန်တော်တို့ဟာ ထောင်ချောက်တစ်ခုထဲ အမြဲပြုတ်ကျနေတယ်။ အဲဒီထောင်ချောက်က ငြင်းခုန်မှုတိုင်းမှာ "အနိုင်နဲ့အရှုံး" ရှိရမယ်ဆိုတဲ့ ထောင်ချောက်ဖြစ်တယ်။ ငြင်းခုန်မှုတိုင်းမှာ လူတွေက ကိုယ့်အမြင်၊ ကိုယ့်အယူအဆကိုပဲ စွဲစွဲမြဲမြဲလက်ကိုင်ထားပြီး နောက်မဆုတ် အရှုံးမပေးစတမ်း ငြင်းခုန်လိုကြတယ်။ ပိုဆိုးတာက နှစ်ဦးနှစ်ဘက်စလုံး "နောက်ဆုံးစကားတစ်ခွန်း"ကို လက်မလျော့တမ်း ပြောချင်ကြတယ်။ အကျိုးအကြောင်း ဆက်စပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောက်ဆုံးစကားပြောနိုင်သူက အနိုင်ရသူအဖြစ် သတ်မှတ်ကြတယ်။ ဒါနဲ့ပဲ ငြင်းခုန်ပွဲက မရပ်နားနိုင် ဖြစ်ခဲ့ရတယ်။
ရှုပ်ထွေးနေတဲ့ ငြင်းခုန်ပွဲကို ဖြေလျော့ချင်ရင် အားစိုက်ပြီး သွားဆွဲ၊ သွားခွဲလို့ မရပါဘူး။ အားစိုက်ပြီး သွားခွဲလေ ပိုရှုပ်ထွေးလေဖြစ်ပြီး နောက်ဆုံးမှာ ငြင်းခုန်ပွဲက ပိုတင်းသွားလိမ့်မယ်။ လူလူချင်းဆက်ဆံရေးမှာလည်း လူအများက "အကျိုးအကြောင်းမှန်ရင် ဘယ်သူ့ကိုမှ အလျော့မပေးဘူး" ၊ "မီးလောင်ရာလေပင့်" ဆိုတာကိုပဲ ပိုသိခဲ့ကြတယ်။ "စကားနဲရန်စဲ"၊ "သည်းခံခြင်းသည် အရာရာကိုအောင်နိုင်၏"ဆိုတာကို မသိခဲ့လေတော့ ငြင်းခုန်မှုက နောက်ဆုံးမှာ ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ကြတယ်။
ငြင်းခုန်ခြင်းက ပျော်ရွှင်ခြင်းလောက် အရေးမကြီးခဲ့ပါတယ်။ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်က "နောက်တစ်လှမ်းဆုတ်"တာဖြစ်ပြီး တစ်ဘက်သားကို ချစ်ခင်ရင်းနှီးတဲ့လက် အရင်ကမ်းတာပဲဖြစ်တယ်။ တစ်ဘက်သားကို "မှန်ကန်သူ" ပေးလုပ်လိုက်တာက ကိုယ်ဟာ "မှားယွင်းသူ" အဖြစ်ရောက်သွားစေတာ မဟုတ်ပါဘူး။ အရာအားလုံး ပြီးဆုံးပြေငြိမ်းသွားတဲ့အချိန်ကျမှ ကိုယ်အရယူနိုင်ခဲ့တဲ့အရာက "ငြိမ်းချမ်းခြင်း" ဆိုတာကို သင်သတိထားမိသလို တစ်ဘက်သားကို "အမှန်"ပေးလိုက်ရတဲ့ ဝမ်းသာမှုတွေကိုလည်း သင်ခံစားမိပါလိမ့်မယ်။ သင် "မှန်ကန်" ခဲ့ပါတယ်။
ဆာလ်ဝင်စတန်ချာချီ (Winston Churchill)နိုင်ငံရေးနယ်ပယ်က အနားယူပြီးနောက် တစ်ရက်မှာ စက်ဘီးစီးပြီး မြို့အနှံလည်ပတ်ခဲ့တယ်။ တစ်နေရာမှာ ဆန့်ကျင်ဘက်က စက်ဘီးအမြန်နင်းလာတဲ့ အမျိုးသမီးတစ်ဦးနဲ့ ချာချီထိပ်တိုက်တိုးခဲ့တယ်။ အမျိုးသမီးက ဘရိတ်မအုပ်နိုင်ဘဲ ချာချီကိုအရှိန်နဲ့ ဝင်တိုက်ခဲ့တယ်။
"ဟဲ့.. အဘိုးကြီး စက်ဘီးရောစီးတတ်ရဲ့လား? မျက်စိမပါဘူးလား?"
အမျိုးသမီးက ကိုယ့်အမှားကိုမသိဘဲ ချာချီကို ရိုင်းရိုင်းစိုင်းစိုင်း အရင်စဆဲဆိုခဲ့တယ်။
"ဟုတ်ကဲ့.. တောင်းပန်ပါတယ်.... တောင်းပန်ပါတယ်။ ကျွန်တော် စက်ဘီးသိပ်မစီးတတ်သေးလို့ပါ။ ကြည့်ရတာ ခင်ဗျားက ကျွန်တော်ထက် စက်ဘီးစီး ပိုကျွမ်းပါတယ်။ ဟုတ်တယ် မဟုတ်လား?"
ချာချီက အမျိုးသမီးရဲ့ ကြမ်းတမ်းတဲ့အပြုအမှုကို ဂရုမစိုက်ဘဲ မပြတ်တောင်းပန်နေခဲ့တယ်။ တောင်းပန်သံကိုကြားတော့ အမျိုးသမီးရဲ့ဒေါသတွေ တစ်ဝက်လျော့ကျသွားခဲ့ပြီး ချာချီကို သေချာကြည့်လိုက်တယ်။ သူစက်ဘီးတိုက်မိသူက မြင့်မြတ်တဲ့ဝန်ကြီးချုပ်ဖြစ်နေတာကို တွေ့တော့ အမျိုးသမီးက ရှက်ရွံ့အားနာစွာနဲ့ "ဟို.... မဟုတ်ဘူး... မဟုတ်ပါဘူး ကျွန်မ အခုမိနစ်ပိုင်းမှာပဲ စက်ဘီးစီးတတ်သွားတာပါ။ ကျွန်မကို စက်ဘီးစီးသင်ပေးလိုက်တာကလဲ အရှင်ဝန်ကြီးချုပ်ပဲဖြစ်ပါတယ်"လို့ ပြောလိုက်တယ်။
ပညာရှိတစ်ဦးက "သည်းခံခြင်း၊ စိတ်သဘောထားကြီးခြင်းက အမုန်းရန်ငြိုးကို သူငယ်ချင်းမိတ်ဆွေအဖြစ် ပြောင်းလဲစေနိုင်တယ်" လို့ဆိုပါတယ်။
တစ်ခါက သားအဖနှစ်ဦး ရထားစီးပြီး ခရီးထွက်ခဲ့ကြတယ်။ လမ်းတစ်နေရာမှာ လက်မှတ်စစ်နဲ့ကြုံတော့ ဖခင်ဖြစ်သူက အိတ်ထည့်ထားတဲ့လက်မှတ်ကို ချက်ချင်းရှာမတွေ့ဖြစ်ခဲ့တယ်။ အဲဒီအခါ ဒေါသကြီးတဲ့လက်မှတ်စစ်ရဲ့ ဆူပူကြိမ်းမောင်းတာကို ခေါင်းငုံ့ခံခဲ့တယ်။ အဖြစ်အပျက်ပြီးနောက် သားက "အဖေ... လက်မှတ်ပါရက်သားနဲ့ ဘာဖြစ်လို့ ပြန်မပြောခဲ့တာလဲ?" လို့မေးတယ်။
ဖခင်က "သား... သူ့ဒေါသ၊ သူ့စိတ်သဘောထားကို သူတောင်တစ်သက်လုံး ခံနိုင်ခဲ့သေးတာပဲ။ အဖေက ဘာဖြစ်လို့ ဒီမိနစ်ပိုင်းလေးမှာ သည်းမခံနိုင်ဖြစ်ရမလဲ?" လို့ ပြန်ပြောခဲ့တယ်။
"နောက်ဆုံးစကားတစ်ခွန်း မပြောတာနဲ့ ငြင်းခုန်မှုတိုင်းကို ရပ်တန့်နိုင်ပါတယ်".... ဒါကလည်း ကျွန်တော့်ကိုယ်ကျွန်တော် အမြဲသတိပေးတဲ့စကားဖြစ်ခဲ့တယ်။
ခရက်ဒစ်by ksn

ရေတွင်းထဲကမြည်း

အရမ်းကောင်းတဲ့ပုံပြင်လေးဖြစ်လို့ ပြန်လည်မျှဝေပေးတာပါ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါ။
လယ်သမားတစ်ယောက်ရဲ့ မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့လယ်ထဲက ရေတွင်းထဲ ကျသွားတယ် မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့သခင်ကိုခေါ်တယ်..... လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့ တွေးတယ်..... နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်...... ဒီမြည်းဟာ အိုလည်းအိုနေပြီ...... ရေတွင်းကလည်းမသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီး ဖို့ပစ်တာ ကောင်းတယ်......
ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး....... အဲဒီလို တွေးပြီးတော့ သူ့သူငယ်ချင်း လယ်သမားတွေကို သွားခေါ်လာတယ်.... တစ်ယောက် ပေါက်ပြားတစ်လက်ဆီ ယုလာကြတယ်...... မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်...... မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်.....
နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်..... တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်.... သူမြင်ရတာကို အံ့သြ သွားတယ်..... မြေကြီးတစ်ကော်စာဖို့လိုက်တိုင်
း မြည်းလေးဟာ မြေကြီးတွေကို ခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်......
ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ ရေတွင်းပေါ် ခုန်တက် ပြီးတော့ အားရ၀မ်းသာခုန်ပေါက်ပြီး ပြေးတော့တယ် လယ်သမားတွေက မြည်းလေးကို ကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ် ကိုယ့်ဘ၀အခြေအနေဟာ ကိုယ့်ကျောပေါ်ကို မြေတွေပုံမယ်
ဒုက္ခကနေလွတ်အောင် လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ ဖို့လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာ မနေဖို့ပဲလိုတယ် ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကို ရောက်သွားရမယ်။
 (ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ (စာမျက်နှာ ၁၅၁-၁၅၂))

ထိထိမိမိ စကားစုကလေးများ

ထိထိမိမိစကားစုလေးတွေပါ
တစ်ကြောင်းဖတ်ပီးတိုင်းတစ်ခါတွေးကြည့်လိုက်ပေါ့.....
.
* အရိပ်ပေးတဲ့သူတွေဟာ
နေပူထဲမှာ နေရတယ်။
* အစာကို ဆေးလိုမစားရင်
ဆေးကို အစာလို စားရလိမ့်မယ်…
* စာအုပ်ကောင်းက
သူငယ်ချင်း ၁၀ ယောက်နဲ့ ညီမျှတယ်
သူငယ်ချင်းကောင်းကတော့
စာကြည့်တိုက် တစ်ခုနဲ့ ညီမျှတယ်……
*ခွေးကို ဟောင် လို့မကြိုက် ဘူးဆိုရင်
ကြောင် တစ်ကောင် မွေးထား……
*လေပြည်ကိုပဲမစောင့်ပါနဲ့
မုန်တိုင်းထဲလည်း
ရှင် သန်နိုင် အောင် ကြိုးစားပါ
*ဘဝက
ငိုစရာအကြောင်း ၁၀၀ ပေးခဲ့ရင်
ပြန်ပြုံးပြနိုင် ဖို့အကြောင်း ၁၀၀၀
ရှိအောင် ကြိုးစားပါ…………
*ပညာရှိတို့ရဲ့ ကျမ်းစာမှာ
ပထမဆုံးစာမျက် နှာက ရိုးသားခြင်းပဲ။
*အမှားကို နှစ်ခါမလုပ်နိုင် ပါ။
အကြောင်းက ဒုတိယ တစ်ခါက
အမှားမဟုတ်ပဲ ရွေးချယ်မှု့ဖြစ်နေလို့ပါ။
*ယုံကြည်တဲ့သူကို မလိမ်နဲ့။
လိမ်တဲ့သူကို မယုံနဲ့။
*သင် ငိုလို့ထွက်သွားရင် သူငယ်ချင်းတု
သင် ထွက်သွားလို့ ငိုရင် သူငယ်ချင်းစစ်။
*ယုံကြည်မှု့က အပျိုစင် လိုပဲ။
တခါပျက်ပြီဆိုရင် ပြန်အဖက်ဆယ်မရတော့။
*ရိုးသားမှု့က ရေလိုပဲ။
အရောင် အဆင်းကင်းပေမယ့်
မရှိမဖြစ် လိုအပ်တယ်။
*အချစ် က သားရေကွင်းကို လူနှစ်ယောက် ဆွဲသလိုပဲ။
တဖက်က လွတ်လိုက် ရင် ကျန်တဖက်က နာကျင် နေရတယ်။
*အောင်မြင် မှု့ က တံခါးလာ
ဖွင့်ပေးမှာကိုစောင့်နေရင် သာမန်လူ။
အောင် မြင် မှု့ဝင် လာနိုင် အောင်
တံခါးကိုအခါခါဖွင့် နေရင်အောင်မြင် သူ။
*မေးခွန်းတွေက တံခါးကို ဖွင့် ပေးတယ်
အ ဖြေတွေက တံခါးကို ပိတ်ပေးတယ်။
(ငြိမ်းလဲ့ wall မှ Status )

စစ်သားတို.ရဲ့ဆရာမ

စာသင်ခန်းထဲဝင်လာတော့ ဆရာမမျက်နှာထားက ခပ်တင်းတင်း။ ဆရာမရဲ့ အသက်ကလည်း ငယ်ငယ်.. သင်ရမှာကလည်း စစ်သားတွေဆိုတော့ မျက်နှာထားကိုမာထားလိုက်တယ်။ဆွေမျိုးအသိုင်းအ၀ိုင်းထဲမှာတောင် စစ်သားဆိုတာမရှိခဲ့ဘဲ သူငယ်ချင်းတစ်ယောက်စ၊နှစ်ယောက်စသာ
တပ်မတော်ထဲမှာ အသိရှိသူဆိုတော့ စစ်တပ်နဲ.ဆရာမဘ၀ဟာ ပြဒါးတစ်လမ်း၊
သံတစ်လမ်းလို. ပြောလို.ရပါတယ်။ ခုလို စစ်သားတွေကိုစာလာသင်ပေး
ရမယ်လို.လည်း တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။ သင်ရမှာကလည်း "အသုံးလုံး" လို.
အလွယ်တကူခေါ်တဲ့ စာမတတ်သူပပျောက်ရေးသင်တန်း။ "တပ်မတော်ထဲမှာ စာမတတ်သူပပျောက်ရေးစီမံချက်အရ" တာဝန်ရှိသူတွေက ဌာနကို အကူအညီတောင်းလို. လာသင်ပေးရတာပါ။
စစ်တပ်ထဲသွားပြီး စစ်သားတွေကို စာသွားသင်ရမယ်ဆိုတော့ ငြင်းပါသေးတယ်။ သင်ရမယ့်သူတွေရဲ့ အသက်တွေကလည်းကြီးနေကြပြီ။ပြီးတော့ ယောကျာ်းကြီး
တွေ.. ယောကျာ်းထဲမှာမှ စစ်မြေပြင်တွေမှာရန်သူနဲ. သူသေကိုယ်သေ
တိုက်ခိုက်သတ်ဖြတ်လာတဲ့ စစ်သားရင့်မာကြီးတွေ။ ဒီလိုလူကြီးတွေက အသက်(၃၀)အရွယ် ဆရာမလေးတစ်ယောက်စကားကို နားထောင်မတဲ့
လား။ ပြီးတော့ အင်တာနက်စာမျက်နှာတွေမှာတွေ.နေရတဲ့စစ်သားတွေရဲ့
ပေါက်တတ်ကရသတင်းတွေက ဆရာမလေးကိုကျောချမ်းစေပါတယ်။
ဒါပေမယ့် ၀န်ထမ်းဆိုတော့လည်း "အထက်လူကြီးရဲ့ Request ဟာ မိမိတို.အတွက် Command ဖြစ်သည်"ဆိုတဲ့အတိုင်း လက်ခံလိုက်ရတော့ပါပဲ။ အတွေ.အကြုံရှိတဲ့ ဆရာမကြီးတွေကတော့ အားပေးရှာပါတယ်။
"ဘာမှစိတ်မပူနဲ. ဆရာမလေး။ ဆရာမလေးထင်ထားတာတွေနဲ. တစ်ခြားစီဖြစ်နေလိမ့်မယ်။ ဆရာမလေးမကြုံဖူးတဲ့ ထားရာနေ၊ စေရာသွား၊
ခိုင်းတာလုပ်တဲ့ ပစ်တိုင်းထောင်လိုလူသားတွေကို ဆရာမလေးတွေ.ရလိမ့်မယ်၊
ဒီတစ်ရက်တော့ သွားသင်ပေးပါ။ ဆရာမလေး အဆင်မပြေရင် နောက်နေ.ကျ လူချိန်းပေးပါမယ်" တဲ့။
ညက ကောင်းကောင်းအိပ်မပျော်ပါဘူး။ မနက်လင်းတော့ ဆုံးဖြတ်ချက်ချ
လိုက်တယ်။ သူတို.တွေ ဘာပဲဖြစ်ပါစေ .. ငါက ဆရာမ။ ဆရာမဆိုတော့ ဆရာ/
ဆရာမတို. ကျင့်သုံးရမယ့် စေတနာ၊၀ါသနာ၊ဂရုဏာဆိုတဲ့ နာ(၃)နာနဲ.သင် မယ်။ ခဏနေတော့ တပ်ကလာကြိုခိုင်းတဲ့ကားနဲ. စစ်တပ်ထဲကို လိုက်ခဲ့လိုက်
ပါတယ်။ ကားမောင်းသမားစစ်သားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကားပေါ်တက်
မယ်လုပ်တော့ ကိုယ့်ထက်အသက်ကြီးတဲ့ကားသမားကကားတံခါး ဖွင့်ပေးနေလို.
အားနာနေရပါသေးတယ်။ ကားပေါ်မှာ ကားသမားနဲ. စကားပြောရင်း ရင်းနှီးသွားပါတယ်။ စိတ်ထဲမှာတော့ တွေးလိုက်မိသေးတယ်။ "ဒီနေ. စာသင်
ရမယ့်စစ်သားကြီးတွေလည်း ဒီကားသမားလို ဖော်ဖော်ရွေရွေဆိုရင်
ကောင်းမယ်"။
စစ်တပ်ထဲအ၀င်ဝဂိတ်ရောက်တော့ ကင်းစောင့်နေတဲ့ရဲဘော်လေး တစ်ယောက်
က အလေးလှမ်းပြုပါတယ်။ "အရာရှိလည်းမပါဘဲနဲ. ဘာလို.အလေးပြုတာလည်း
ဆရာ" လို. ကားသမားကိုမေးကြည့်တော့ အံ့သြဖွယ်ရာစကားတစ်ခွန်းကိုကြား
ရပြန်ပါတယ်။ "ဆရာမလေးကို အလေးပြုတာပါ"တဲ့။စာသင်ခန်းရှေ.ကားရပ်
လိုက်တော့ ကားသမားကပဲ အရင်ဆင်းပြီး ဆရာမလေးတံခါးကို ဖွင့်ပေးနေပြန်
လို."နေပါစေ..နေပါစေ"ပြောနေရပါသေးတယ်။ ဒါပေမယ့် တံခါးကတော့
ဖွင့်ပြီးနေပါပြီ။
စာသင်ခန်းထဲဝင်လိုက်တော့ ဆရာမလေးသင်ခဲ့ဖူးတဲ့စာသင်ခန်းတွေနဲ. ကွာခြားမှုကိုစတွေ.လိုက်ရပါတယ်။ စာသင်ခန်းတစ်ခုလုံးက ငြိမ်သက်နေ
ပါတယ်။ စီနီယာကျပုံပေါက်တဲ့ စစ်သားတစ်ယောက်က ရှေ.ထွက်လာပြီး ရုတ်တရက်အော်လိုက်တော့ လန်.သွားရပါသေးတယ်။ သူအော်လိုက်တာက
"သင်တန်း ရှေ.ကြည့်"တဲ့။ ပြီးတော့ ဆက်အော်တဲ့အသံတွေက "ဦးထုပ်ဆောင်း"
"တန်းထ" ဆိုတဲ့အသံတွေ။ အောက်ကလူတွေ ကလည်းရှေ.ကလူခိုင်းတဲ့
အတိုင်း တသွေမတိမ်းလိုက်လုပ်နေကြပါတယ်။ အဲဒီမှာ ပြဿနာက စတာ။ ရှေ.ကစီနီယာလုပ်တဲ့သူက ရုတ်တရက် ဆရာမလေးရှေ.တည့်တည့်မှာ
ရပ်ပြီး အလေးပြုလိုက်တယ်။ ပြီးတော့ ဆက်တိုက်အော်တော့တာပဲ။ "သင်တန်းသားရှိရင်း ၃၀ ယောက်၊ ခန်းမ၀င် ၃၀ ယောက်၊ ပျက်ကွက်မရှိ၊ ခန်းမ၀င်ပြီးအသင့်" တဲ့။ အော်ပြီးတော့ ဆရာမရှေ.မှာပဲ တောင့်တောင့်ကြီး
ရပ်နေတယ်။ ဆရာမကလည်း ဘာပြန်ပြောရမှန်းမသိဘဲကြောင်ကြည့်နေတယ်။ ဆရာမက ဘာမှပြန်မပြောတော့ သင်တန်းသားခေါင်းဆောင်က ဆရာမကို
မေးတယ်။" ထိုင်ခိုင်းလိုက်ရတော့မလားဆရာမ"တဲ့။ အဲကျမှ သတိရပြီး
"ရပြီ..ရပြီ.. ထိုင်ကြပါရှင်" လို.ကမန်းကတန်း ပြောလိုက်ရတယ်။စာမသင်ရသေး
ခင်မှာပဲ ဌာနကဆရာမကြီးတွေပြောလိုက်တဲ့"ပစ်တိုင်းထောင်လိုလူသားတွေ
ဆိုတာ မှန်နေပြီထင်တယ်"လို. တွေးလိုက်မိပါတယ်။
စာသင်တော့လည်း တစ်ကယ့်ကလေးတွေလို အော်ကြီးဟစ်ကျယ်နဲ. "ကကြီးခခွေး" ကိုလိုက်ဆို နေကြပါတယ်။ ဆရာမလေးရဲ့စိတ်မှာ စစ်သားကြီးတွေ
ကို စစ်သားတွေလို.မမြင်တော့ဘဲ ကိုယ့်တပည့်လေးတွေလိုမြင်လာပါတယ်။
စစ်ယူနီဖောင်းကိုလည်း အစိမ်းရောင်လို.မမြင်တော့ဘဲ အဖြူနဲ.အစိမ်းလို.
မြင်လာပါပြီ။ အထင်နဲ.အမြင်တွေကတော့ တစ်ခြားစီဖြစ်နေပါပြီ။
ညနေသင်တန်းပြီးတဲ့အချိန် စီနီယာစစ်သားက အလေးပြုပြီးသင်တန်းဖြုတ်ခွင့်
တောင်းတဲ့အခါမှာတော့ ဆရာမလေးအနေနဲ.ကြောင်အမ်းအမ်းဖြစ်မနေတော့ဘဲ
"ဆက်လုပ်ပါ" ဆိုတဲ့စကားလေးကို လျှောလျှောလျှုလျှုပြောထွက်ခဲ့ပါတယ်။
ပြန်ဖို.ပြင်တဲ့အချိန်မှာတော့ စာသင်ခန်းရှေ.မှာ ကားက အဆင်သင့်စောင့်နေ
ပါတယ်။ ဆရာမလေးခြင်းကို စီနီယာကျောင်းသားကကိုင်ပြီး ကားနားကို
လိုက်ပို.ပါတယ်။ကျန်တဲ့သင်တန်းသားတစ်ယောက်ကတော့ တံခါးကိုသွားဖွင့်ပေး
နေပါတယ်။ ကားသမားတောင် ဖွင့်ပေးစရာမလိုတော့ပါဘူး။ ကားပေါ်တက်ပြီး ကားထွက်တဲ့အချိန်မှာတော့ ဆရာမလေးက အပြုံးတွေနဲ. လက်ပြပြီးနှုတ်ဆက်
လိုက်ပါတယ်။ အဲချိန်မှာ စီနီယာစစ်သားကြီးဆီက "အလေးပြု"ဆိုတဲ့အသံကြီး
ထွက်လာပါတယ်။ သူ.အော်သံနဲ.အတူ ဘေးကစစ်သားတွေပါ သတိအနေအထား
ရောက်သွားကြပါတယ်။
ဆရာမလေးက ကားပေါ်ကနေ လက်ပြနေရင်းနဲ. စကားတစ်ခွန်းလှမ်းပြော
သွားပါတယ်။ " နောက်နေ.တွေလည်း ဆရာမလေး လာခဲ့အုံးမယ်နော်။အိမ်စာတွေ
သေချာလုပ်ခဲ့ကြပါ"တဲ့။
ထိုက် သူ

ဆင်းရဲတယ်ဆိုတာ ဘာလဲ

တစ်ရက်မှာ အင်မတန်ချမ်းသာတဲ့မိသားစုက ဖခင်ဖြစ်သူဟာ သားဖြစ်သူကိုခေါ်ပြီး ဆင်းရဲတဲ့သူတွေဟာ ဘယ်လိုလဲဆိုတာကို သားဖြစ်သူကိုသိစေချင်စိတ်ပြင်းပြစွာနဲ့ ပြသဖို့ရာ ကျေးလက်ဒေသတစ်ခုဆီကို ခရီးထွက်ခဲ့ကြပါတယ်။
သားအဖနှစ်ယောက်ဟာ အင်မတန်ဆင်းရဲရှာတဲ့ မိသားစုတစ်ခုရဲ့မွေးမြူစိုက်ပျိုးရေးခြံတစ်ခုမှာ နှစ်ရက်နှစ်ညတိုင်တိုင်နေပြီး ဆင်းရဲတယ်ဆိုတာ ဘာလဲသိအောင် နေခဲ့ကြပါတယ်။
=================
အပြန်ခရီးမှာတော့ ဖခင်ဖြစ်သူက သားဖြစ်သူကိုမေးပါတယ်။ “ခရီးထွက်လာခဲ့ရတာ ဘယ်လိုနေသလဲ?” လို့မေးတဲ့အခါ သားဖြစ်သူက “သိပ်ကောင်းတာပဲ ဖေဖေ” လို့ဖြေပါတယ်။ “ဆင်းရဲသားတွေကို သားတွေ့ခဲ့ရတယ်မဟုတ်လား” လို့မေးတော့ “အိုး တွေ့တာပေါ့ဖေဖေ” လို့သားဖြစ်သူကပြန်ဖြေပါတယ်။ “ဒါဆိုရင် ဒီခရီးကနေ သားဘာတွေကို မြင်တွေ့သင်ယူလာခဲ့သလဲ” လို့မေးတော့ သားဖြစ်သူက ပြန်ဖြေပါတယ်။
=================
“ သားတို့မှာ ခွေးတစ်ကောင်ရှိတယ်။ သူတို့မှာ ခွေးလေးကောင်ရှိတယ်။
သားတို့ပိုင်တဲ့ရေကန်က သားတို့ဥယျာဉ်အလယ်ထိအောင်ရှည်တယ်။ သူတို့ချောင်းက အဆုံးမရှိဘူး။
သားတို့မှာ ၀ယ်တပ်ထားတဲ့ မီးအိမ်တွေရှိတယ်။ သူတို့မှာ ညဆိုရင် ကြယ်တွေရှိတယ်။
သားတို့အိမ်ရှေ့ဝရန်တာက အိမ်အရှေ့မျက်နှာဘက်ထိရောက်တယ်။ သူတို့အိမ်ရှေ့မျက်နှာစာက မိုးကုပ်စက်ဝိုင်းထိအောင်ရောက်တယ်။
သားတို့ပိုင်တဲ့မြေကွက်က သေးတယ်။ သူတို့ပိုင်တဲ့လယ်ကွင်းတွေက မျက်စိတစ်ဆုံးမကဘူး။
သားတို့မှာ လုပ်ကိုင်ပေးမယ့် အလုပ်သမားတွေရှိတယ်။ သူတို့ကတော့ တစ်ယောက်ကိုတစ်ယောက် လုပ်ကိုင်ဆောင်ရွက်ပေးကြတယ်။
သားတို့က အစားအစာကို ၀ယ်စားရတယ်။ သူတို့က သူတို့ဘာသာ စိုက်ပျိုးစားသောက်တယ်။
သားတို့ပိုင်တဲ့ပစ္စည်းတွေကို လေးဘက်လေးတန် နံရံတွေနဲ့ ကာကွယ်ထားရတယ်။ သူတို့ကိုကျတော့ သူတို့မိတ်ဆွေတွေက ကာကွယ်ပေးကြတယ် ဖေဖေ။”
သားဖြစ်သူရဲ့အဖြေကိုကြားလိုက်ရတဲ့အခါမှာတော့ ဖခင်ဖြစ်သူဟာ စကားမပြောနိုင်ဖြစ်သွားပါတော့တယ်။
သားက ထပ်ပြီးပြောလိုက်သေးတယ်။
“သားတို့တွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာသိအောင် လိုက်ပြပေးတဲ့ ဖေဖေ့ကို ကျေးဇူးတင်ပါတယ် ဖေဖေ”တဲ့။
=================
ပြောရရင်တော့ အကြိမ်တော်တော်များများမှာ ကျွန်တော်တို့ဟာ ကိုယ့်မှာရှိနေတာတွေကို မေ့လျော့ပြီး ကိုယ့်မှာ မရှိတာကိုပဲ အာရုံပြုနေလေ့ရှိပါတယ်။
လူတစ်ယောက်အတွက် တန်ဖိုးမရှိတဲ့အရာတစ်ခုဟာ ကျန်တဲ့လူတစ်ယောက်အတွက်တော့ တန်ဖိုးဖြတ်ဖို့ခက်တဲ့ ပိုင်ဆိုင်မှုဖြစ်နေတတ်ပါတယ်။ ဒါတွေအားလုံးဟာ လူတစ်ယောက်ရဲ့အမြင်ပေါ်မှာပဲ အခြေပြုလေ့ရှိပါတယ်။
ဒါကြောင့် ကျွန်တော်တို့တွေဟာ လိုချင်တာတွေအတွက် ပူပန်နေမယ့်အစား ကိုယ့်မှာ ရှိတာလေးတွေကို ကျေးဇူးတင်ကြည့်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးတောပြီး ကိုယ့်ကိုယ်ကို အံ့သြကြည့်လိုက်စမ်းပါ။
စာရေးသူ Oppositeye myanmar

အီးရှုကြပါလို့

ဟာသမဟုတ်ဘူးနော်ဗဟုသုတဖြစ်ပေါ့
friend တို့ဖြစ်နိုင်မယ်ဆို အီးရှုကြပါလို့တိုက်တွန်းချင်ပါတယ်ခ်ခ်ခ်
အဲလိုပြောလို့ ကိုထက်ကိုစိတ်မဆိုးကြပါနဲ့နော် အောက်မှာဆက်ဖတ်ကြည့်ပါ။

လေလည်စဉ် ထွက်ရှိသည့် အနံ့နှင့် ကြက်ဥပုပ်နံ့ကို ရှူရှိုက်ပါက ကျန်းမာရေး ကောင်းမွန် စေနိုင်ပြီး ကင်ဆာရောဂါကို သာမက အခြားရောဂါ များကိုလည်း ကာကွယ် ပေးနိုင်စွမ်း ရှိကြောင်း အင်္ဂလန် နိုင်ငံ Exeter တက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြသည်။ လူ့ခန္ဓာကိုယ်မှ စားသုံးလိုက် သည့် အစားအစာ များမှ ထွက်ရှိလာသော သေဆုံး ဗက်တီးရီးယား များကို ဓာတ်ငွေ့အဖြစ် ပြန်လည် ထုတ် လွှတ် ရာတွင် ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဒ်ဓာတ်ငွေ့ ထွက်ရှိလာပြီး ၎င်းဓာတ်ငွေ့အား ရှူရှိုက်ခြင်းသည် ခန္ဓာကိုယ် အတွက် လိုအပ်သည့် ဆဲလ်များကို ရှင်သန်ပေါက်ဖွားရာ နေရာဖြစ်သော Mitochondria အား ပျက်စီးခြင်းမှ ကာကွယ် ပေးနိုင်စွမ်း ရှိကြောင်း ၎င်းသုတေသန ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ကြက်ဥပုပ်နံ့နှင့် လေပွခြင်းကြောင့် ထွက်ရှိလာသည့် အနံ့များတွင် ပါဝင်သော ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဒ် ဓာတ်ငွေ့သည် ရောဂါများအား ကုသရာတွင် အဓိက ကျသော အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပါဝင် လာစေ နိုင်မည်ဖြစ်ကြောင်း Medicinal Chemistry Communications ဂျာနယ်တွင် ပါဝင်သည့် သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

၎င်းဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဒ်အား အသုံးပြုမှုသည် အလွန် အန္တရာယ် များကြောင်း အများက လက်ခံထားချိန်တွင် အဆိုပါ အနံ့ကို ရှူရှိုက်မှုသည် Mitochondria ကို မပျက်စီးစေဘဲ မူလအတိုင်း ရှိစေသောကြောင့် ကင်ဆာ၊ လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခုန် ရပ်တန့်ခြင်း၊ အဆစ်ရောင်နာနှင့် ရောဂါကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု အစရှိသည့် ရောဂါများ ဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု Exeter တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ ဒေါက်တာ မတ်ဝှိုက်မန်းက ပြောကြားထားသည်။

ဟုတ်မဟုတ်တော့ သိဘူးနော်၊ တော်တော်ကြာ စောစောစီးစီးမတင် ရကောင်း လားဆိုပြီး စိတ်ဆိုးနေကြမှာစိုးလို့ မြ၀တီက ကူးပြီး တင်ပေးလိုက်တာပါ -

ဘီလျံနာ ပရောဖက်ဆာကြီးရဲ့ ငါးမြားခြင်းသင်ခန်းစာ

.ဥရောပနိုင်ငံ တစ်ခုမှာပါ။
မြို့ငယ်လေးတစ်မြို့ဖွား ဘီလျှံနာ ပရော်ဖက်ဆာကြီးဟာ သူ့ဇာတိရပ်ရွာမှာ အေးအေးလူလူ ခေါင်းချဖို့ ပြန်လာတယ်။
ဒါပေမဲ့ နောက်ဆုံးအနေနဲ့ သူ့ရပ်ရွာက လူ ငါးဦးကို သင်တန်းတစ်ခုပေးမတဲ့။
ဘ၀ပညာ သင်တန်းလို့ပဲ ဆိုပါတော့ ....။

သူက စီးပွားရေးမှာ အောင်မြင်ခဲ့တဲ့ ဘီလျှံနာ ဖြစ်ခဲ့သလို အထင်ကရ တက္ကသိုလ်ကြီးတစ်ခုမှာ ပရော်ဖက်ဆာ လုပ်ခဲ့သူလေ။ သူဘာသင်ပေးပေး တန်ဘိုးမဖြတ်နိုင်မှာတော့ အမှန်ပဲ။ ဒါနဲ့ သင်ယူလိုသူ များစွာထဲမှာ ဒေသခံ လူငယ်လေး ၅ဦးကို ရွေးချယ် ခဲ့တယ်။

ပရော်ဖက်ဆာကြီးက ... “ကဲ ပထမဆုံး သင်ခန်းစာ စပြီ” တဲ့။
ငါးမြားတံ ၅ခု ပေးတယ်။ “သွား မြားချေ” တဲ့။
ခက်တာက ၅ယောက်လုံး ငါးမမြားတတ်ဘူး။ ငါးမြားခြင်းနဲ့ မယဉ်ပါးဘူး။
ငါးရှိမယ့် ကန်ကိုတောင် သူတို့နေရာကနေ နေ့တစ်စိတ်ခရီးလောက်သွားရတယ်။။

ဟိုရောက်တော့ အသီးသီး သင့်ရာနေရာရှာပြီး ကြိုးစားပမ်းစား မြား။
ညကျတော့ ပရော်ဖက်ဆာကြီးဆီ ပြန်ရောက်။
နှစ်ယောက်က ငါးရလာတယ်။ သုံးယောက်က မရဘူး။

ငါးရလာသူနှစ်ယောက်မှာ တစ်ယောက်ရတဲ့ငါးက အကြီးကြီးပဲ။
ပရော်ဖက်ဆာကြီးက အဲဒီလူမျက်လုံးတွေကို စေ့စေ့ကြည့်လိုက်တယ်။
“မင်း ငါးက မြားလာတာမှ မဟုတ်ပဲ၊ ဈေးထဲက ၀ယ်ဖြည့်လာတာ မဟုတ်လား၊ အဲဒီကန်မှာ ဒီငါးမျိုး မရှိဘူး” တဲ့
ဟိုလူလည်း ၀န်ခံရတယ်။ ပရော်ဖက်ဆာကြီးက ...
“လောကမှာ အဖြောင့်ဆုံးလမ်းဟာ အနီးဆုံးပဲ၊ အောင်မြင်မှုဆီ သွားချင်ရင် ဖြောင့်မတ်ရတယ်၊၊ မင်းဟာ အများကြီး သင်ကြားရဦးမယ်”

နောက် ငါးမရသူ သုံးယောက်ဘက် လှည့်တယ်။
“ကဲ မင်းတို့ရဲ့ ငါးမြားခြင်းအတွေ့အကြုံအကြောင်းပြောပါဦး”

တစ်ယောက်ကို မေးတော့ ...
သူက ... မြားတော့ မြှားတာပဲတဲ့၊ ငါးမှ မရှိတာ တဲ့။ ဒါကြောင့်မရဘူး။

နောက်တစ်ယောက်ကျတော့ ...
ဟိုနေရာက ငါးလေးပွက်လိုက်၊ ငါးမြားတံချလိုက် ဒီနေရာက ငါးလေးပွက်လိုက် ငါးမြားတံလိုက်ချလိုက်နဲ့ အပြေးအလွှား ဗျာများခဲ့သတဲ့။ သူလည်း ငါးမရဘူး။

နောင်တစ်ယောက်ကျတော့ ...
ငါးက သူ့ချိတ်ကို လာဟပ်တယ်။ သူမဆွဲတင်ရဲဘူး။ ပြန်လွှတ်သွားမှာစိုးလို့၊ ဒင်းရုန်းနေတာကို ထိုင်စောင့်နေသတဲ့။ မောပြီးရပ်သွားမှ ဆွဲမယ်ပေါ့လေ။ မရပ်ဘူး။ ဟိုက ရုန်းရင်း လွတ်သွားသတဲ့။ ဒါနဲ့ ငါးမလရလိုက်ဘူး

ငါးရတဲ့သူကျတော့ ပြောပြတာ ရှင်းပါတယ်။
ငါးပွက်တဲ့နေရာကို ရှာတယ်၊ ငါးမြားတံချတယ်၊ အကြာကြီး ထိုင်စောင့်တယ်၊ ငါးလာဟပ်တယ်၊ ဆွဲတင်တယ်၊ လျော့လိုက် ဆွဲလိုက် လုပ်တော့ နောက်ဆုံးကိုယ့်ဘက်ပါလာတယ်။

ပရော်ဖက်ဆာကြီးက ပြောပြတယ်။

“အောင်မြင်မှုဆိုတာ ငါးလိုပဲ၊ ငါးမြားခြင်းအတတ်က မင်းတို့ရဲ့ အရည်အချင်းကို ကိုယ်စားပြုတယ်။ အောင်မြင်မှုကို လူတိုင်း မက်မောကြတယ်၊ ဒါပေမဲ့ တကယ်စစ်မှန်တဲ့ အောင်မြင်မှု ရဖို့ လုပ်ပါ၊ ဟိုလူလို မဖြောင့်မှန်တဲ့နည်းနဲ့ မလုပ်နဲ့၊ သူ့အောင်မြင်မှုဟာ တာရှည် မခံတတ်ဘူး။

... အောင်မြင်မှုနောက်လည်း မလိုက်နဲ့။ အရည်အချင်းနောက်ပဲ လိုက်ပါ။
ငါးနောက် တကောက်ကောက်လျှောက်လိုက်နေတဲ့သူ ဘာဖြစ်သလဲ တွေ့တယ် မဟုတ်လား။

... ငါးမြားတံချထားသလို မိမိအရည်အချင်းကို ပြင်ဆင်ထား။ အောင်မြင်မှုဆိုတဲ့ ငါးက လာဟပ်ရင် အလိုက်သင့်သာ ဆွဲတင်ပေတော့။

... လာဟပ်ပါလျက် မဆွဲပဲလည်း မနှောင့်နှေးနဲ့။
လာဟပ်မယ့်နေရာမှာ နေဖို့လည်း မပျက်ကွက်နဲ့။

မင်းဘက်က အရည်အချင်းဆိုတဲ့ ငါးမြားတံနဲ့ ချိတ်ကို အသင့်ချထားရင်
အောင်မြင်မှုဆိုတဲ့ ငါးက မုချကို လာဟပ်ပါတယ်”

စာ ပေ ပျိုး ဥ ယျာဉ်(အားမိန်)

ဖယောင်းတိုင်လေးတိုင် ပုံပြင်

တစ်ခါတုန်းက… အခန်းလေးတစ်ခန်းထဲမှာ ဖယောင်းတိုင်လေးလေးတိုင် ထွန်းလင်းတောက်ပနေကြပါသတဲ့...။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်နေတာကြောင့် သူတို့လေးတွေ စကားပြောနေကြတာကို အတိုင်းသားကြားနေရတာပေါ့…။
ပထမဖယောင်းတိုင်လေးက ပြောတယ်…
“ငါက ငြိမ်းချမ်းမှုဖယောင်းတိုင်လေးပါ… ဘာပဲဖြစ်ဖြစ် ငါ့ကိုဘယ်သူမှဂရုမစိုက်ကြတော့ရင် ငါ့မီးတောက်ကလေး ငြိမ်းသွားမှာသေချာတယ်…”
ဒီလိုနဲ့ ပထမဖယောင်းတိုင်လေးရဲ့  မီးတောက်လေးဟာ တဖြည်းဖြည်းမှိန်လာပြီး လုံးဝငြိမ်းသွားပါတော့တယ်…။
ဒုတိယဖယောင်းတိုင်လေးကလည်း ပြောတယ်…
“ငါကတော့ ‘ယုံကြည်ချက်’ ဆိုတဲ့ဖယောင်းတိုင်လေးပါ… ငါကမရှိမဖြစ်အရာမဟုတ်ပါဘူး…ငါ့အလင်းရောင်ထွန်းလင်းနေလို့လည်း ဘာမှထူးခြားမှုဖြစ်လာမှာမဟုတ်ပါဘူး…”
လို့ ပြောပြီးမကြာခင် လေပြေလေးတစ်ချက်အဝေ့မှာ ဒုတိယဖယောင်းတိုင်မီးစလေးလည်း ငြိမ်းသွားပါတယ်…။
တတိယဖယောင်းတိုင်းလေးကလည်း သူ့အလှည့်ရောက်လာတော့ ဝမ်းနည်းစွာနဲ့ပြောတယ်…
“ငါက ‘ချစ်ခြင်းမေတ္တာတရား’ ပါ…။ ငါလည်း ဆက်လက်ထွန်းလင်းနေဖို့ အင်အားမရှိတော့ဘူး…။ လူတွေက ငါ့ကိုဥပေက္ခာပြုထားကြပြီး ငါ့ရဲ့  အရေးပါမှုကို နားမလည်ကြတော့ဘူး…သူတို့နဲ့အနီးဆုံးလူတွေကိုတောင် မေတ္တာထားဖို့ မေ့လျော့နေကြကုန်ပြီ…”
လို့ဆိုပြီး ခဏအကြာမှာ ငြိမ်းသွားပြန်သတဲ့…။
ရုတ်တရက် အခန်းထဲကို ကလေးလေးတစ်ယောက်ဝင်လာပြီး ဖယောင်းတိုင်လေးသုံးတိုင်က မီးငြိမ်းနေတာတွေ့လိုက်တယ်…
“ ဒီဖယောင်းတိုင်လေးတွေက ဘာလို့ ဖယောင်းတိုင်ကုန်တဲ့အထိမလင်းဘဲ ငြိမ်းသွားတာလဲ… “ လို့ဆိုပြီး ကလေးလေးက ငိုပါသတဲ့…။
ဒီတော့ စတုတ္ထဖယောင်းတိုင်လေးကပြောတယ်…
“ဘာမှ မပူပါနဲ့ ကလေး… ငါ့အလင်းရောင်တွေမငြိမ်းသေးသ၍ ဟိုငြိမ်းသွားတဲ့ ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလို့ရပါတယ်…ငါကတော့ ‘မျှော်လင့်ချက်’ ဖယောင်းတိုင်လေးပါ…” လို့ဆိုသတဲ့…။
ကလေးလေးရဲ့ မျက်ဝန်းမှာ အရောင်လေးတွေတောက်ပလာပြီး မျှော်လင့်ချက် ဖယောင်းတိုင်လေးကို ယူကာ ငြိမ်းနေတဲ့ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလိုက်ပါတော့သတဲ့…။
ဒီလိုပါပဲ သယ်ရင်းရေ… ‘မျှော်လင့်ချက်’ ဆိုတဲ့ မီးတောက်လေးကို ငါတို့ဘဝတွေထဲက ပျောက်ကွယ်မသွားစေသင့်ဘူး…ဒါမှသာ ငါတို့တတွေရဲ့  မျှော်လင့်ချက်… ယုံကြည်ချက်…ငြိမ်းချမ်းမှု … နဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ထာဝရ ထိန်းသိမ်းထားနိုင်မှာပေါ့…
မင်းက မျှော်လင့်ချက်တွေကို ဥပေက္ခာပြုချင်ပြုပါလိမ့်မယ်… မျှော်လင့်ချက်ကတော့ မင်းကို ဘယ်တော့မှ စွန့်ပြစ်မသွားပါဘူး…။ မင်းရဲ့  အကြောက်တရားက ပြောတာတွေနားမထောင်ပါနဲ့…မင်းရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေက ပြတဲ့လမ်းကိုသာ ဆက်လျှောက်ပါ…။
အခက်အခဲပြဿနာတွေကို မတွေးပါနဲ့…ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေကိုသာ တွေးပါ…။
မင်းရဲ့  ပင်ပန်းမှုတွေ…ကျရှုံးမှုတွေကို မကြည့်ပါနဲ့… ဘာကြောင့် ရှေ့ ဆက်သင့်တဲ့ အကြောင်းကိုသာ စိတ်ဝင်စားပါ…
Credit ::::: ဦးသုည

ဂန္ဒီ ပြောခဲ့ဖူးတဲ့ လူတို့ရဲ့ စင်ကြယ်သော အကျင့် သီလကို ဖျက်ဆီးတဲ့ အန္တရယ် ၇ခု

၁။ အလုပ်မလုပ်ပဲ ချမ်းသာနေကြခြင်း
၂။ အသိစိတ် ထိမ်းချုပ်မှု မပါသော ပျော်ရွှင်မှု
၃။ ကျင့်သုံးလိုက်နာခြင်း မပြုပဲ သင်ယူသိထားသော ပညာ၊ ဗဟုသုတ
၎။ ကျင့်ဝတ်စည်းကမ်း မလိုက်နာပဲ ပြုလုပ်သော စီးပွားရေး
၅။ အတ္တမချွတ်၊ မစွတ်လွတ်သော စိတ်ဖြင့် ပြုလုပ်သော ဘာသာရေး
၆။ စာနာမှု မပါပဲ တီထွင် ဖန်တီးသောသ သိပ္ပံပညာ
၇။ အခြေခံ သဘောတရား စည်းမျဉ်းစည်းကမ်း မရှိတဲ့ နိုင်ငံရေး

Credit to: SharingKoZin KZ